အပြောအဆို တွေက ထမိန် ထဲက မထွက်ပဲ ရိုင်းတာကို ဂေါ်တယ်ထင် နေကြတဲ့ မိန်းကလေးငယ် တချို့ သိဖို့

အပြောအဆို တွေက ထမိန် ထဲက မထွက်ပဲ ရိုင်းတာကို ဂေါ်တယ်ထင် နေကြတဲ့ မိန်းကလေးငယ် တချို့ သိဖို့

ခုခေတ် ၁၅ ၁၆ မိန်းကလေးတချို့ ရိုင်းတာ ကို ဂေါ်တယ်ထင်နေကြတယ်…အပြောအဆိုတွေက ထမိန် ထဲကမထွက်ဘူး…

ကိုယ့်နှုတ်ထွက်စကား ညစ်ညမ်းမှ အထာကျတယ်ထင်နေကြတယ်အင်္ဂလိပ်စကား ညှပ်သုံး ရင်တောင် What the Fuck နဲ့ Fuck You Bitch ပဲပြောတယ်….

ကိုယ့်ကိုယ်ကို တောင် တန်ဖိုး မထားတာ ဘယ်ယောက်ျားကမှလဲ ကိုယ့်ကိုတန်ဖိုးထား မှာမဟုတ်ဘူး… !

အနား အားပေးတဲ့သူ ရှိကောင်း ရှိလိမ့်မယ်… ဝိုင်းပြီးပင့်ပေးနေတဲ့ သူရှိကောင်းရှိလိမ့်မယ်..

ကိုယ်ပေါင်းတဲ့တခြားသူတွေကလဲ အဲ့လို အသုံးအနှုန်း လောက် ကိုအရမ်းဂေါ်တယ် လို့တလွဲတွေးနေတဲ့သူတွေ ဖြစ်လိမ့်မယ်…

ဒီလို အောက်လုံးတွေ ပြောနေတဲ့ မိန်းကလေးက အလွယ်ရမယ် ဆိုတာ ယောက်ျားတိုင်း သိတယ်..ဘာရရ စားမယ် ဆိုတဲ့ကောင်တွေလောက်ပဲ ရလိမ့်မယ် ဒါကို ဆရာကျတယ် ထင်ရင် ညေးတို့ မှားလိမ့်မယ် ..

ဖွန်ကြောင်တွေကလွဲရင် နှုတ်ရိုင်းတဲ့ မိန်းကလေး ဘယ်သူမှ အထင်မကြီးပါ ..ဆရာကျတယ်လား sry ပါ သနားစရာကလေးတွေလို့ပဲမြင်တယ်

ရုပ်ကလေးတွေနဲ့မှမလိုက် ပေါက်ကရ အသုံးအနှုန်းတွေ နဲ့ ကိုယ့်သိက္ခာကို ချနင်းနေတာ မမြင်ကြဘူး…

အထာကျတယ်လား? sry ပါ … လမ်းဘေးမှာ ပန်းရောင်းတဲ့ကလေးတောင် ယဉ်ကျေး မှု ဆိုတာ နားလည်တယ်!ကိုယ့်တန်းဖိုးကိုယ်သိပါ..လမ်းဘေးအဆင့်တောင် မရှိဘူးဆိုတာ !တအားတွေ ကိုယ့်ကိုယ်ကို စွတ်အထင်ကြီးနေတယ် ..

ကိုယ့်အဖေကိုယ့်အမေ သိက္ခာ ပြန်စဉ်းစားတတ်ရင် ဒီကလေးဟာ Facebook မှာ ရိုင်းစိုင်းတဲ့ စကားတွေနဲ့ဂေါ်လီလုပ်မှာမဟုတ်ဘူး! အဖြေက ရှင်းရှင်းလေး …

တန်ဖိုးဆိုတာ ရှင်းပြလဲနားလည်မှာမဟုတ်ဘူး တန်ဖိုးဆိုတာ မသိရင် သိမ်မွေ့တဲ့ မိန်းကလေး တစ်ယောက်ကိုကြည့်ပါ

သူ့ရဲ့ ပတ်ဝန်းကျင် ကိုကြည့်ပါ သူ့ ကိုပိုင်ဆိုင်ထားတဲ့ကောင်လေးရဲ့ဆက်ဆံပုံကိုကြည့်ပါသူ့အပြောအဆို သူ့နေထိုင်ပုံ ကိုယ်နဲ့ယှဉ်ကြည့်ပါ မင်းကိုယ်မင်း သိမ်ငယ်လာလိမ့်မယ် babe

အတုယူမှားရင် ပြင်ပါ ကိုယ်ထက်ရင့်ကျက်တဲ့သူတွေနဲ့ပေါင်းပါ အရိုင်းအစိုင်းတောထဲကနေ အပြင် အလင်းကိုထွက်ကြည့်ပါ ကိုယ့်တန်ဖိုးကိုယ် နားလည်တတ်ပါစေ…နောင်တဆိုတာ နောက်ကျသွားရင် ဒီစော်ကလွယ်လွယ်လေးပါ ဆိုတဲ့စကား

တသက်လုံး မင်းနာမည် နောက်တွဲလုံးဖြစ်သွားလိမ့်မယ်..မုန်းလဲမတတ်နိုင်ဘူးကွယ်.. ပြင်စေချင်တာ အမှန်ပဲ…

Crd# Recredit

Add a Comment

Your email address will not be published. Required fields are marked *

18 + 17 =