လာကန်တော့တာ မုန့်ဖိုးပေးဖို့ကပ်စေးနည်းနေတဲ့ ကျော်ကျော့်ဆီကနေ ပိုက်ဆံအိတ်လိုက်မချသွားတဲ့ ဆုမြတ်နိုးဦး ရဲ့ ဗီဒီယိုလေး
မင်းသမီးချောလေး ဆုမြတ်နိုးဦးကတော့ မျက်နှာလေးက ချောမောလှပသလို ခန္ဓာကိုယ်လေးကလည်း အပြစ်ပြောစရာမရှိအောင် လှပနေတာ ဖြစ်ပါတယ် ။ ဆုမြတ်နိုးဦးက စကားပြော ချိုသာသူလေးဖြစ်သလို မာန်မာနကင်းပြီး ရိုးရိုးရှင်းရှင်းလေး နေထိုင်တတ်သူ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ ဆုမြတ်နိုးဦးက Live လွှင့်ပြီး စျေးရောင်းတဲ့အလုပ်ကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ဒီကနေ့သီတင်းကျွတ်လပြည့် နေ့မှာတော့ ဆုမြတ်နိုးဦးဟာ သူ့ထက်အသက်ကြီးတဲ့ ကျော်ကျော်ကို ကန်တော့ခဲ့တဲ့ အမှတ်တရဗီဒီယိုလေးကို မျှဝေလာပါတယ်။
ဆုမြတ်နိုးဦးက “တစ်နှစ်ပတ်လုံးပြစ်မှားစော်ကားမိထားတာတွေ အတွက် ဘဘကျော်ကြီးကို သီတင်းကျွတ်မှာကန်တော့ 🙏🏼🙏🏼🙏🏼 မုန့်ဖိုးကမပေးလဲ လုလို့ရတယ်သိလား .. ကိုယ့်အိတ်ထဲရောက်ရင် ကိုယ့်ဟာပဲ 😁😬😆” ဆိုပြီး ကပ်စေးနည်းလွန်းတဲ့ ကျော်ကျော်ဆီကနေ သီတင်းကျွတ်မုန့်ဖိုးကို အတင်းလုယူပြီးတောင်းခဲ့ပုံလေးကိုပါ အမှတ်တရပြသလာခဲ့ပါတယ်။
ဆုမြတ်နိုးဦးကတော့ ကျော်ကျော်ထက်အသက်ငယ်သူပီပီ ကျော်ကျော်ကို အနိုင်ကျင့် ဗိုလ်ကျတတ်သူတစ်ယောက်ဖြစ်ပြီး ကျော်ကျော်ကလည်း ဆုမြတ်နိုးဦးကိုဆို သည်းခံရှာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။
Source: Hsu Myat Noe Oo’s fb
zawgyi