ရုပ်ရှင်နှစ်(၁၀၀) အတွက် လုပ်ကိုင် ပေးနေတဲ့ အနုပညာရှင် မောင်နှ မတွေ နဲ့အတူ ပျော်ပျော်ပါးပါး ရိုက် ခဲ့တဲ့ ပုံလေးတွေကို ချပြ လာတဲ့ “မိုးမိုးမြင့်အောင်”

ရုပ်ရှင်နှစ်(၁၀၀) အတွက် လုပ်ကိုင် ပေးနေတဲ့ အနုပညာရှင် မောင်နှ မတွေ နဲ့အတူ ပျော်ပျော်ပါးပါး ရိုက် ခဲ့တဲ့ ပုံလေးတွေကို ချပြ လာတဲ့ “မိုးမိုးမြင့်အောင်”

ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီးဖြစ်တဲ့ မိုးမိုးမြင့်အောင်ကတော့ တစ်ခေတ် တစ်ခါက အနုပညာလောကမှာ ပရိသတ်တွေကြား အထူးအားပေးချစ်ခင်ခဲ့ရတဲ့ မင်းသမီးကြီး ပဲ ဖြစ်ပါတယ်။ မင်းသမီးကြီး မိုးမိုးမြင့်အောင်ကိုတော့ ချစ်တဲ့ပရိသတ်တွေက မေမွှေးလို့ လည်း ခေါ်တက်ပြီး အနုပညာရှင် မောင်နှမတွေကလည်း လေးစားချစ်ခင်နေရတဲ့ သူပဲဖြစ်ပါ တယ်။ သူမကတော့ မြန်မာ့ရုပ်ရှင်လောက ဖွံဖြိုး တိုးတတ်ဖို့ ကြိုးစားကြသူတွေထဲမှာ တစ် ယောက်အပါအဝင်ပဲဖြစ်ပါတယ်။

သူမရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လို ဇာတ်ကောင်မျိုးကိုမဆို သဘာဝကျကျ ပီပြ င်အောင်သရုပ်ဆောင်ချက်တွေကြောင့်လည်း အကယ်ဒမီဆုတွေကို ထိုက်ထိုက် တန်တန် ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် မျိုးဆက်သစ် အနုပညာရှင်လေးတွေကိုလည်း မြေတောင် မြှောက်ပေးပြီး အတက်ပညာတွေ ကိုလည်း စိတ်စေတနာအပြည့်နဲ့ သင်ပြပေးတာကိုလည်း တွေ့ရပါတယ်။ မကြာခဏဆိုသလို မင်းသမီးကြီး မိုးမိုးမြင့်အောင်ကတော့ ပရိသတ်နဲ့ ဝေးကွား မသွားအောင် သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။

ယခုမှာလည်း မိုးမိုးမြင့်အောင်က ရုပ်ရှင်နှစ် [၁၀၀] အတွက် လုပ်ကိုင်နေတဲ့အချိန်လေး မှာ အခြားသောအနုပညာမောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နဲ့ အမှတ်တရပုံလေးတွေ ချပြလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မိုးမိုးမြင့်အောင်က “ရုပ်ရှင်နှစ် [၁၀၀] အတွက် ရုပ်ရှင် သမိုင်းပြတိုက်မှာ ကိုယ်စီ ကိုယ်ငှ တာဝန်ယူကြ မိသားစုကြီးပျော်ရွှင်ကြပေါ့” ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ မြန်မာရုပ်ရှင်လောက နှစ် (၁၀၀) အတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပေးနေတဲ့ မိုးမိုးမြင့်အောင်တို့ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Photo Credit – Academy Moht Moht Myint Aung

Source – Academy Moht Moht Myint Aung’s Facebook Page

Add a Comment

Your email address will not be published. Required fields are marked *

2 × 3 =