အဆိုတော် ဟန်ထူးစျာန် ရဲ့ သီချင်း MV မှာ ပါဝင်သရုပ်ဆောင်ရင်း ပရိတ်သတ်အားပေးမှု ထပ်မံရရှိပြန်တဲ့ “သုတအောင်” ရဲ့ ဗီဒီယိုလေး

Posted on

ပရိသတ်ကြီးရေ တည်ကြည်ခန့်ညားတဲ့ ရုပ်ရည် သွင် ပြင်နဲ့ ခပ်မိုက်မိုက် သရုပ်ဆောင် သုတအောင် ကတော့ လက်ရှိမှာ ပရိသတ်တွေ ရင်ဘတ်ထဲကို နေရာယူလာ တဲ့သူတစ်ယောက်ဖြစ်ကာ လူကြီးလူငယ် ပရိသတ် အားလုံးရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူတစ် ယောက်ဖြစ်လာပါတယ်…။ လက်ရှိမှာလည်း MRTV -4 နဲ့အ တူလက်တွဲကာ အနုပညာအ လုပ်တွေကို လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်နော်…။

ပရိသတ်တွေကလည်း သုတအောင်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစားနဲ့ အားပေးနေကြလျက် ရှိတာပဲဖြစ်ပါတယ်။ဒီကနေ့မှာလည်း သုတအောင်ကို အဆိုတော်ဟန်ထူးဈာန်ရဲ့ သီချင်း MV ထဲမှာ မြင်တွေ့ခဲ့ရပြန်ပါပြီ။ သုတအောင်က ဟန်ထူးဈာန်နဲ့ ဗေဒါသွေးတို့ အတူတူသီဆိုထားကြတဲ့ ” မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး’’ သီချင်း MV မှာ ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးအတွက် သုတအောင်သရုပ်ဆောင်ထားတဲ့ ဟန်ထူးဈာန်ရဲ့ ” မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး’’ သီချင်း MV လေးကိုမျှဝေပေးလိုက်ပါတယ်နော်။သုတအောင်ကတော့ ရိုးသားတဲ့ရွာသားလေးတစ်ယောက်အဖြစ်ကနေ သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်မှုပန်းတိုင်တစ်ခုကို ရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သုတအောင်ရဲ့ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကို စောင့်မျှော်အားပေးပေးကြပါဦးနော်။

Source: Han Htoo Zen’s fb

Credit

zawgyi




Source: Han Htoo Zen’s fb

Credit