သူမရဲ့ ဝေယျာဝစ္စတွေကိုလုပ်ပေးခဲ့ကြတဲ့ အိမ်အကူအမတွေ ကို သီတင်းကျွတ်မှာ ကန်တော့ခဲ့တဲ့ “မေပန်းချီ”

ပရိတ်သတ်ကြီးရေရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ မေပန်းချီဆိုတာ ပရိတ်သတ်တွေတစ်ခဲနက် အားပေးမှုဝန်းရံမှုတွေကိုရရှိထားတဲ့ မင်းသမီး တစ်လက်ပါပဲနော်…။အမိုက်စားခန္တာကိုယ် ကောက်ကြောင်းအလှတွေနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ ပုံစံလေးပေါက်တဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ သူမဟာ နာမည်ကြီး မင်းသမီးတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်နော်။ ဒါ့အပြင် လူကြီးမိဘတွေအပေါ်မှာ အရမ်းကိုရိုသေကိုင်းရှိုင်းတဲ့ သူတစ်ယောက်ပါနော်။

လတ်တလောမှာတော့ မေပန်းချီက ဇာတ်လမ်းရိုက်ကူးမှုတွေ ရပ်နားထားပြီး အွန်လိုင်း Live Sale တွေကိုရောင်းချနေကာ တစ်ဖက်မှာလည်း အနုပညာကို ဝါသနာပါတဲ့ ညီမလေးအတွက် ပါရမီဖြည့်ပေးရင်း အလုပ်တွေရှုပ်နေတာပဲ ဖြစ်ပါတယ်။လူကြီးမိဘကို သိတတ်ပြီး ကျေးဇူးရှင်ကို ကျေးဇူးသိတတ်တဲ့ မေပန်းချီက ဒီတစ်ခါမှာလည်း သူ့ရဲ့အိမ်က အိမ်အကူအစ်တွေကို သီတင်းကျွတ်ကန်တော့ခဲ့တာကို တွေ့ရပါတယ်။

မေပန်းချီက “ကိုယ့်ဝေယျာဝစ္စ လုပ်ပေးတဲ့ အစ်မတွေဟာလဲ ကန်တော့ရမဲ့ အစ်မတွေပါပဲ 🙏🏻🙏🏻🙏🏻🥰🥰🥰” ဆိုပြီး သူမတို့ရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးတဲ့ အိမ်အကူအစ်မတွေကို ထိုင်ကန်တော့ခဲ့ကြောင်း ပြောလာပါတယ်။ မေပန်းချီကတော့ အိမ်ကိစ္စတွေကို သူမရဲ့ ဝေယျာဝစ္စတွေလုပ်ပေးတဲ့ အိမ်အကူအစ်မတွေကို သီတင်းကျွတ်မှာ ကန်တော့ ခဲ့တာပဲဖြစ်ပါတယ်။ လူလေးလှသလို စိတ်ထားလေးလည်းလှတဲ့ မေပန်းချီတစ်ယောက် ဒီထက်မကအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: May Panche’s fb

zawgyi




Source: May Panche’s fb