သက် ဆိုင် ရာ လူကြီးမင်းများ မြင်ကြပါစေ …သိမ်ဇ ရပ် မှာ Q ဝင်နေတဲ့ ညီမ တစ်ယောက် ရဲ့ ရင်ဖွင့်စာ

သက် ဆိုင် ရာ လူကြီးမင်းများ မြင်ကြပါစေ …သိမ်ဇ ရပ် မှာ Q ဝင်နေတဲ့ ညီမ တစ်ယောက် ရဲ့ ရင်ဖွင့်စာ

အခု သိမ်ဇရပ် ရောက်နေ ပါပြီ….

၁ ။ ချက်- လူကြီးတွေပြော သွားတာ က နင်တို့စီးပွားသွားရှာနေတာကို ငါတို့က လိုက်လုပ်ပေးရတာ… ငါတို့ နင် တို့ကို မော်လမြိုင် မှာ သွားကြိုတာ အလှူရှင်တွေကပေး လို့ လာကြိုရတာ ပါတဲ့… ငါတို့က တပြား မှ မရပဲ လိုက်လုပ်ပေးရ တာ ပါ တဲ့ ….

၂ ။ နင်တို့ ကို ဘယ်က မှ လက်မခံဘူး အဆိုးဆုံး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ က အစ လက်မခံပါ ဘူးတဲ့….

၃ ။ ဒီအခု လုပ်ပေးတာတွေက နိုင်ငံတော် ကညွှန်ကြားတဲ့အတိုင်းပဲ ။နိုင်ငံတော် က ဘက်ဂျက်တပြား မှ ထုပ်ပေးထားတာ မရှိပါဘူးတဲ့ ။

၎ ။ ဒါတွေကို မြို့လူကြီး ကိုယ် တိုင် က ဒီထက် ရင့်သီး တဲ့ အသုံးအနှုန်းတွေနဲ့ ပြောသွားပါတယ်…

စာရှည်မှာ စိုးလို့ တိုတိုနဲ့လိုရင်းပဲ ရေးလိုက် ပါတယ် ။ ကျန်တာကိုက ဖြည့်တွေးပေးကြရင် နားလည်မှာပါ ။ ဒီလိုအနေအထား မှာ တခုခု ဖြစ်သွားရင် တာဝန်ခံမယ့်သူ မရှိဘူး။ မြွေေ ပွးက အခွေ လိုက်ကြီး၊ ကျွန်မတို့ သိမ်ဇရပ် ဘယ်ဘုန်းကြီးကျောင်း ဘယ်နေရာမျိုးက မှ လက်မခံလို့ ယခင် စက္ကူစက် အဟောင်း ရဲ့ ဆေးရုံး အပျက်ကြီး မှာ လာထား ပါတယ် ..။

ဆေးစစ်တုန်းက လာစစ်ပေးတဲ့ သူတွေက ပြောပာတယ် ဒါအပြ င်မှာသွား စစ်ရင် ၂သိန်း လောက်ကုန် ပါတယ် တဲ့ မြဝတီမှာ တစ်ခါ စစ်တယ်၊ မော်လမြိုင်မှာ စစ်ပါတယ် ၊ ၂ ခါလုံး negative ပြ ပါတယ်။

ဒါပေမယ့် အရင်ထဲက ထားတဲ့နေရာမှာနေမှာ ပါ အခုအနေအထားအရ ဆိုရင်တော့ ကိုဗစ် စခန်းကနေ ထွက်ပြေးကြပါတယ် ဆိုတဲ့ လူတွေကို အပြစ် မတင်ရက်တော့ ပါဘူး…

ကျွန်မတို့ ၁၁ ယောက် အဖွဲ့ကို ဘယ်ဘုန်း ကြီးကျောင်း ၊ ဘယ်ဓမ္မာရုံ မှာ ဘယ်နေရာမှာမှ ထားစရာနေရာမရှိအောင် ဆေးရုံအပျက်ထဲ လာထိုး ထည့်သွားတဲ့ အတွက် ကျေးဇူးတင် ပါတယ်။

တပြား တချက် မှမရပဲ လာလုပ်ပေးရတဲ့ မြို့နယ်မှူး ကိုလည်း ကျေးဇူး တင်ပါတယ်..

Source – ကျိုက်ထို သတင်း
Vital News Now

Add a Comment

Your email address will not be published. Required fields are marked *

14 + 12 =