ကလေးမြို့နယ် တွင် နွားအကောင် (၂၀) မိုးကြိုး ပစ်ခံရပြီး သေဆုံးမှု ဖြစ်ပွား

ကလေးမြို့နယ် တွင် နွားအကောင် (၂၀) မိုးကြိုး ပစ်ခံရပြီး သေဆုံးမှု ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်နှစ်ခုမှာ ဇွန် (၆) ရက်က မိုးကြိုး ပစ်ခတ်မှုကြောင့် နွားအကောင် (၂၀) သေဆုံးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး စဝီလီဖရန့် ကပြော ပါတယ်။

မိုးကြိုပစ်ခတ်မှုကြောင့် ကလေးမြို့နယ် ခွေကြိမ်ကျေးရွာက နွား (၁၉)ကောင် နဲ့ အင်းတော် မြို့နယ် ခိုထောင်ကျေး ရွာက နွားတစ်ကောင်သေဆုံးခဲ့တာပါ။

“မနေ့ည ဆယ်နာရီလောက်မှာ ဖြစ်တယ်။ သိတာကတော့ မနက် ခြံပိုင် က နို့ညှစ်မလို့ လုပ်တုန်း သိရတာ။ နွားခြံ မီးထွန်းတဲ့ ဆိုလာကနေတဆင့် ကြိုးကနေ လျှပ်စီး ထိတာလို့ ယူဆရတယ်။ ဘတ်ထရီအိုးတွေတော့ ကွဲတာပြုတာ မရှိဘူး။ ဆိုလာမီးကြိုးတွေတော့ ပြတ်တယ်။ အခြား ထိခိုက်မှုတော့မရှိဘူး။” လို့ဆိုပါတယ်။

အခုနှစ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှာ မိုးကြိုပစ်ခတ်မှု (၉)ကြိမ်ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးအနေနဲ့ (၅)ယောက်ရှိခဲ့ကာ ထိခိုက် ဒဏ်ရာရသူ (၁၂)ယောက်ရှိ ခဲ့တယ်လို့ ဆိုပါတယ်။

ကလေးမြို့ မိုးဇလအနေနဲ့တော့ ခုလို မိုးကြိုကာလတွေမှာ လေပြင်းတိုက်မှုနဲ့ မိုးကြိုးအန္တရာယ်တွေ ကြုံတွေ့နိုင်တယ်လို့ နှစ်စဉ် အသိပေးနှိုးဆော်ထားတယ်လို့ ခရိုင် မိုးဇလဦးစီး ဦးတင်စိုးက ပြော ပါတယ်။ မိုးရွာချိန်မှာ လျှပ်စီးလက်နေချိန်မှာ လျှပ်စစ်ပစ္စည်းတွေကို သတိထားကိုင်တွယ်ကြဖို့လည်း မိုးဇလက သတိပေးထားပါတယ်။

သေဆုံးနွား ၁၉ ကောင်ဟာ ကလေးမြို့နယ် ခွေကြိမ်ရွာက ဦးရခီး အပိုင်နွားတွေဖြစ်ပြီး နွားတွေသေဆုံးခဲ့မှုအတွက် ဘေးစီမံက ထောက်ပံပေးနိုင်ဖို့ စစ်ဆေးနေ ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

1 × one =