လိင်ပိုင်း ဆိုင်ရာ ကျူးလွန် ခံနေရ တဲ့ မိန်းကလေးတွေ ရဲ့လူမှုဘဝ ကို ဗွီဒီယိုလေး နဲ့ မျှဝေ ခဲ့တဲ့ မြတ်နိုးအေး

လိင်ပိုင်း ဆိုင်ရာ ကျူးလွန် ခံနေရ တဲ့ မိန်းကလေးတွေ ရဲ့လူမှုဘဝ ကို ဗွီဒီယိုလေး နဲ့ မျှဝေ ခဲ့တဲ့ မြတ်နိုးအေး

“သူစိမ်းအိမ်” “ည”ရုပ်ရှင် ဇာတ်ကားတွေနဲ့ ပရိသတ်အသိမှတ်ပြုအားပေးခြင်းရရှိလာသူ မြတ်နိုးအေးကတော့ လတ်တလောမှာ အမျိုးသမီးတွေရဲ့ လူမှုဘဝမှာ ရင်ဆိုင်နေရတဲ့ ဒုက္ခတချို့ကို ဗွီဒီယိုလေးတွေနဲ့ မျှဝေလျက်ရှိပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကမှ အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေရဲ့

ရင်ဆိုင်ခံစားနေရတဲ့ဒုက္ခ ကို ဗွီဒီယိုလေးနဲ့ မျှဝေခဲ့ပြီး ပရိသတ်တွေများစွာ ချီးမွမ်းခဲ့ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ မိန်းကလေးတော်တော်များများ မကြုံဖူးသလောက်ရှားတဲ့ကိစ္စ တစ်ရပ်ကို ဗွီဒီယိုလေးလုပ်ကာ ဖော်ပြခဲ့ပါတယ်။ လူမြင်ကွင်းမှာတောင် အမျိုးသမီးတစ်ယောက်ကို ပါးစပ်နဲ့ စနောက်တာ၊ ကိုယ်ထိလက်ရောက်

ထိကပါးရိကပါးလုပ်တာတွေကတော့ နိုင်ငံတော်တော် များများမှာ ထိန်းချုပ်မရတဲ့အရာတစ်ခုလို အမြစ်တွယ်နေပါတယ်။ ဒီလိုကိစ္စမျိုးကို မကြုံဖူးတဲ့မိန်းကလေးမျိုးလည်း မရှိသလောက်ပါပဲနော်။ အဲ့လိုဖြစ်လာရင် ဘယ်လိုမျိုးတုံ့ပြန်လေ့ရှိကြသလဲ မိန်းကလေးတို့ရဲ့ စရိုက်သုံးမျိုးကိုတော့ မြတ်နိုးအေးက ပီပြင်စွာ သရုပ်ဆောင်ပြခဲ့ပါတယ်။

“မိန်းကလေးမှ မဟုတ်ပါဘူး ယောကျာ်းလေးတွေမှာလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု တွေ ခံရနိုင်ပါတယ်.. ထုတ်ပြောရမှာ ရှက်ကြတာတွေ၊ ပြစ်ဒဏ်တွေ မကြီးလေးတာတွေကြောင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကျူးလွန်သူတွေက နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားရင်း လွယ်လွယ်ကူကူ ကျူးလွန်နေကြပါတယ်”

ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့ဗွီဒီယိုလေးကို ပုံဖော်ခဲ့ပါတယ်။ ပရိသတ်ကြီး ရော အဲ့လိုကြုံလာရရင် ဘယ်လိုတုံ့ပြန်လေ့ရှိကြသလဲ မျှဝေပေးခဲ့ပါဦး။

Add a Comment

Your email address will not be published. Required fields are marked *

19 − eleven =