ႏွာေခါင္းစည္း (mask) မတပ္ မေနရ အမိန္႔ႏွင့္ အခုထိ ေခါင္းမာေနေသး တဲ့ ေရႊျမန္မာ တခ်ဳိ႕

မနက္တုန္းက လမ္း သြားရင္း အန္တီႀကီးတစ္ေယာက္ စကားေလးကိုၾကားလိုက္ရၿပီး မိမိကၾကားထဲကေန မေနႏိုင္မထိုင္ႏိုင္ျဖစ္ေနတာေလးတခုကို ေျပာျပပါရေစ

အန္တီႀကီးက “ငါ့ကိုေအ mask မတပ္ဘူးလား တပ္ရမယ္ေလ လို႔လာေျပာၾကတယ္ ငါကလဲျပန္ေျပာလိုက္တယ္ အဲ့ေရာဂါနဲ႔ေသမဲ့သူက သူ႔ဘာသာသူေသမွာပဲလို႔ mask တခု ကိုလဲ ၃, ၄,၅၀၀ ငါ၀ယ္မတပ္ႏိုင္ပါဘူး လာၿပီးအပိုေတြလုပ္မေနနဲ႔လို႔ေျပာလိုက္တယ္”

ဟာ ..အဲ့စကား ကိုၾကားၿပီး သူဟာ စာမတတ္ပါလားလို႔ ကိုယ္သိလိုက္ရၿပီ သူေျပာတဲ့ “mask တခု၃,၄,၅၀၀ ငါ၀ယ္မတပ္ႏိုင္ပါဘူး”တဲ့ သူရဲ႕အေနအထားက အဲ့ေလာက္ႀကီးဆင္းရဲေနတဲ့ သူမဟုတ္ေလာက္ပါဘူး(လက္မွာေတာ့ လက္ေကာက္ႏွစ္ကြင္းေတာ့ေတြ႕တယ္ ေျပာရင္အရွည္ႀကီးျဖစ္သြားလိမ့္မယ္ ထားေတာ့)

သူကပဲဆက္ေျပာေသး တယ္ (မိမိနားကလဲ ၾကားျဖစ္ေအာင္ၾကားလိုက္ေသးတယ္ အာရုံထားမိေနလို႔ျဖစ္မယ္) ဒါနဲ႔.. “တစ္ခုေလာက္ေတာ့ လိုရမယ္ရ ပိုက္ဆံအိတ္ ထဲေဆာင္ ထားတယ္တဲ့ စစ္ေဆးေရး ေနရာေတြ ေတြ႕ရင္ေကာက္တပ္လိုက္တယ္ ရႈပ္တယ္ အသက္ရႉရက်ပ္ရက်ပ္နဲ႔”တဲ့

ကဲေအးေရာပဲ ပတ္၀န္းက်င္မွာ ဒီလိုလူမ်ိဳးေလးေတြ ရွိခ်င္ရွိပါလိမ့္မယ္ သူေျပာသြားတာေလးေတြျပန္ေကာက္ ေျပာရရင္ ဘာ “အဲ့ေရာဂါနဲ႔ေသမဲ့လူက ေသမွာပဲ”တဲ့ ဟုတ္တယ္ မွန္တာေပါ့ သို႔ေသာ္ ကိုယ္တစ္ေယာက္ထဲေသမွာလား? ကိုယ့္ရဲ႕မိသားစု အေပါင္းအသင္း မိတ္ေဆြ သူငယ္ခ်င္းေတြေရာ မကူးစက္ႏိုင္ဘူးတဲ့လား? ဒါေတြကိုထည့္စဥ္းစားသင့္တယ္ေလ။

လူဆိုတာ ေသေန႔ေစ့ရင္ေသရမွာပဲ ဘယ္သူမွ တားလို႔မရဘူး(မိမိတို႔ရဲ႕ ဗုဒၶဘာသာအယူအဆအရ)ဒါေပမဲ့ ဒီပိုးဟာ မိမိတစ္ေယာက္ကိုကူးၿပီးရင္ မိမိနဲ႔ထိေတြ႕ဆက္ဆံခဲ့သူေတြကို ဆက္လက္ ကူးစက္တဲ့ သေဘာေလ ကိုယ့္ေၾကာင့္ကိုယ့္မိသားစု (အထဲမွာ သက္ႀကီးရြယ္အို နဲ႔ကေလးေတြပါရင္ပိုဂရုစိုက္သင့္)နဲ႔ ကိုယ္ခ်စ္ခင္တဲ့သူေတြကိုပါကူးသက္ေစ ႏိုင္တယ္ဆိုတာကိုဆင္ျခင္စဥ္းသင့္တယ္ေလ (သိလို႔ တတ္လို႔ ဆရာမႀကီးလုပ္တာေတာ့မဟုတ္ပါဘူး စဥ္းစားမိတာေလးကို ေျပာတာပါ)

ရာခိုင္ႏႈႏ္ူအားျဖင့္ ဒီေရာဂါ ကို အရမ္းေၾကာက္တဲ့လူနဲ႔ လံုး၀မေၾကာက္တဲ့ လူတြက္ခ်က္ၾကည့္လၽွင္ ၅၀/၅၀ ပါပဲ (ထင္တာေျပာတာ) အခုအခ်ိန္မွာ ဘယ္ဟာမွတြက္ခ်က္ လို႔မရေသးပါဘူးေနာ္ ဒါေၾကာင့္မို႔ မေပါ့ဆဘဲ ဆက္ၿပီးဂရုတသိုက္ေလးရွိၾကပါဦးေနာ္။

စာကေရးရင္းနဲ႔အရွိန္တက္ၿပီး စာရွည္ သြားပါတယ္(ရွာရွည္ၿပီးေရးခ် င္တာကိုး) အဆံုးထိ ဖတ္ေပးလို႔ေက်းဇူးပါ။

Zin Zin

unicode

မနက်တုန်းက လမ်း သွားရင်း အန်တီကြီးတစ်ယောက် စကားလေး ကိုကြားလိုက်ရပြီး မိမိကကြားထဲကနေ မနေနိုင်မထိုင်နိုင်ဖြစ်နေတာလေးတခုကို ပြောပြပါရစေ

အန်တီကြီးက “ငါ့ကိုအေ mask မတပ်ဘူးလား တပ်ရမယ်လေ လို့ လာပြောကြတယ် ငါကလဲပြန်ပြောလိုက်တယ် အဲ့ရောဂါနဲ့သေမဲ့သူက သူ့ဘာသာသူသေမှာပဲလို့ mask တခု ကိုလဲ ၃, ၄,၅၀၀ ငါဝယ်မတပ်နိုင်ပါဘူး လာပြီးအပိုတွေလုပ်မနေနဲ့လို့ပြောလိုက်တယ်”

ဟာ ..အဲ့စကား ကိုကြားပြီး သူဟာ စာမတတ်ပါလားလို့ ကိုယ်သိလိုက်ရပြီ သူပြောတဲ့ “mask တခု၃,၄,၅၀၀ ငါဝယ်မတပ်နိုင်ပါဘူး”တဲ့ သူရဲ့အနေအထားက အဲ့လောက်ကြီးဆင်းရဲနေတဲ့ သူမဟုတ်လောက်ပါဘူး(လက်မှာတော့ လက်ကောက်နှစ်ကွင်းတော့တွေ့တယ် ပြောရင်အရှည်ကြီးဖြစ်သွားလိမ့်မယ် ထားတော့)

သူကပဲဆက်ပြောသေး တယ် (မိမိနားကလဲ ကြားဖြစ် အောင်ကြားလိုက်သေးတယ် အာရုံထားမိနေလို့ဖြစ်မယ်) ဒါနဲ့.. “တစ်ခုလောက်တော့ လိုရမယ်ရ ပိုက်ဆံအိတ် ထဲဆောင် ထားတယ်တဲ့ စစ်ဆေးရေး နေရာတွေ တွေ့ရင်ကောက်တပ်လိုက်တယ် ရှုပ်တယ် အသက်ရှူရကျပ်ရကျပ်နဲ့”တဲ့

ကဲအေးရောပဲ ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးလေးတွေ ရှိချင်ရှိပါလိမ့်မယ် သူပြောသွားတာလေးတွေပြန်ကောက် ပြောရရင် ဘာ “အဲ့ရောဂါနဲ့သေမဲ့လူက သေမှာပဲ”တဲ့ ဟုတ်တယ် မှန်တာပေါ့ သို့သော် ကိုယ်တစ်ယောက်ထဲသေမှာလား? ကိုယ့်ရဲ့မိသားစု အပေါင်းအသင်း မိတ်ဆွေ သူငယ်ချင်းတွေရော မကူးစက်နိုင်ဘူးတဲ့လား? ဒါတွေကိုထည့်စဉ်းစားသင့်တယ်လေ။

လူဆိုတာ သေနေ့စေ့ရင်သေရမှာပဲ ဘယ်သူမှတားလို့မရဘူး(မိမိတို့ရဲ့ ဗုဒ္ဓဘာသာအယူအဆ အရ)ဒါပေမဲ့ ဒီပိုးဟာ မိမိတစ်ယောက်ကိုကူးပြီးရင် မိမိနဲ့ထိတွေ့ဆက်ဆံခဲ့သူတွေကို ဆက်လက်ကူးစက်တဲ့ သဘောလေ ကိုယ့်ကြောင့်ကိုယ့်မိသားစု (အထဲမှာ သက်ကြီးရွယ်အို နဲ့ကလေးတွေပါရင်ပိုဂရုစိုက်သင့်)နဲ့ ကိုယ်ချစ်ခင်တဲ့သူတွေကိုပါကူး သက်စေ နိုင်တယ်ဆိုတာကိုဆင်ခြင်စဉ်းသင့်တယ်လေ (သိလို့ တတ်လို့ ဆရာမကြီးလုပ်တာတော့မဟုတ်ပါဘူး စဉ်းစားမိတာလေးကို ပြောတာပါ)

ရာခိုင်နှုန်ူအားဖြင့် ဒီရောဂါ ကို အရမ်းကြောက်တဲ့လူနဲ့ လုံးဝမကြောက်တဲ့ လူတွက်ချက်ကြည့်လျှင် ၅၀/၅၀ ပါပဲ (ထင်တာပြောတာ) အခုအချိန်မှာ ဘယ်ဟာမှတွက်ချက် လို့မရသေးပါဘူးနော် ဒါကြောင့်မို့ မပေါ့ဆဘဲ ဆက်ပြီးဂရုတသိုက်လေးရှိကြပါဦးနော်။

စာကရေးရင်းနဲ့အရှိန်တက်ပြီး စာရှည်သွားပါတယ်(ရှာရှည်ပြီးရေးချ င်တာကိုး) အဆုံးထိ ဖတ်ပေးလို့ကျေးဇူးပါ။

Zin Zin

Add a Comment

Your email address will not be published. Required fields are marked *

five × three =