ရန်ကုန်နေ ပြည်သူ တစ်ယောက်ချင်းစီ ကို စိတ်ပူတဲ့ ကွီးဖြိုး နှင့် ကြုံတွေ့ ခဲ့ရသူ တစ်ဦး

ရန်ကုန်နေ ပြည်သူ တစ်ယောက်ချင်းစီ ကို စိတ်ပူတဲ့ ကွီးဖြိုး နှင့် ကြုံတွေ့ ခဲ့ရသူ တစ်ဦး

ဘေးနားက ထိုင်ခုံ လက်ရန်းပေါ်တင် ထားတဲ့ အကျီကွက် ကလေးဝတ်ပြီး We love Yangon (MCC) ကို ရောက်လာတယ်… We Love Yangon အင်္ကျီလေး ဝတ်ပေးပါဆိုတော့ မဆိုင်းမတွ ကောက်ဝတ်လိုက်တယ်။

ဟန်ဆောင်မှုတွေ ကင်းမဲ့လွန်းတယ်၊ ကိုယ်သူ့ ကို အပြင်မှာ မြင်ဖူးတာ (၅) ကြိမ်မပြည့်ပါဘူး။ တွေ့ရတိုင်း သိပ်ထူးခြား တာက ရိုးရှင်း လွန်းတဲ့ သူ့ပုံစံပါပဲ။ သူဟာ သိပ်စိတ်ပူ တတ်တယ်။ လုပ်ချင်စိတ်ကြီးလွန်းလို့ ရှေ့ကြိုရောက်နေတတ်တယ်။ we love ကို အလည်လာပြီး အကြံပြု ဆွေးနွေးတဲ့နေ့က ကိုယ့်မှာ မျက်ရည် ပါ ကျမိတယ်။

သူစိုးရိမ်စိတ်ပူနေတာက ရန်ကုန်နေပြည်သူ တစ်ယောက်ချင်း စီကို။ ကပ်ရောဂါကြီးအတွင်း ဖြစ်ပေါ်လာမယ့် အလုပ်လက်မဲ့ ကျပ်တည်း မှုတွေကြောင့် စားနပ်ရိက္ခာချို့တဲ့ကြမှာကိုစိုးရိမ်လွန်းနေတဲ့ ရင်ဘတ်ကြီးကို ပိုချစ်မိသွားတာ ကိုယ်ဝန်ခံပါတယ်။

ဒီလူက သူနဲ့အတူ ဒုက္ခခံခဲ့ရဘူးသူတိုင်းအပေါ် မရက်စက်နိုင်ခဲ့ဘူး… ရိရွဲနေတဲ့ အကိုင်းအခက်တွေကို ချိုးမချရက်ခဲ့ဘူး…သူ့အားနည်းချက်လို့ မဖြစ်မနေ ပြောရမယ်ဆိုရင် သစ္စာကြီးလွန်းတာကိုပဲ ပြောမိလိမ့်မယ်ထင်တယ်။ သူနဲ့အတူတူ မြန်မာပြည်အမှောင်ကာလကြီးအတွင်း အတူတူ အထဲရောက်ခဲ့ကြသူ နိုင်ငံရေးအကျဉ်သားဟောင်းကြီးတွေကို မမေ့မလျော့ရှိလွန်းတဲ့ သူ့ရဲ့စေတနာတွေကို သိရလေလေ ပိုလေးစားမိလေပါပဲ။

ဒီလူက သိပ်ပြီး အလုပ်လုပ်လွန်းတယ်… သူ့ပေ့ခ်ျမှာ သတိထား ကြည့်ရင်ကို သိနိုင်ပါတယ်။အအားအလပ်မရှိ ကြိုးစားလွန်းသူပါ။ လုပ်သလောက် Public ပေါ်တက် မလာတာကတော့ အံ့သြမိရုံပါပဲ။

အလုပ်များလွန်သူမို့ အမှားအနည်းငယ် ရှိနေနိုင်တာ ထုံးစံပါပဲ။ လှမ်းပါများတဲ့ ခြေထောက် ခလုတ်တိုက်မိတာဟာ မလုပ်မရှုပ် မပြုတ်တွေထက်တော့ အပြတ်အသတ် လေးစားမိစေတဲ့ အကြောင်းအရင်းပဲပေါ့။ ဒါပေမယ့် သူမှားတာထက် ပိုပြီးဝေဖန်ပစ်တင်ပြောဆိုနေကြတဲ့သူတွေကိုတော့ စိတ်ထဲမှာ မကျေမနပ် ဖြစ်မိပါတယ်…

တစ်ခုပဲတွေးမိတယ်။ အရင်လို စားပေါက်မချောင်သူတို့ရဲ့ အငြိုးအတေးတွေများလားပေါ့….

ကိုယ်ကတော့ ကွီးဖြိုးကိုချစ်တယ်။ သူဟာ ထောင်ချောက်တွေ ဆူးခလုတ်တွေများလွန်းတဲ့ ရန်ကုန်တိုင်းအတွက် အသင့်တော်ဆုံး သူလို့ ကိုယ်မြင်တယ်။

(Nine Nine)