ပြည်သူချစ်မင်းသမီးလေး အကယ်ဒမီ ဖွေးဖွေး ရဲ့ ဘဝအကြောင်း …

ဖွေးဖွေးကတော့ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုကို သုံးကြိမ်တိုင်တိုင်ရရှိထားပြီး မြန်မာနိုင်ငံရဲ့ အနုပညာကြေးအများဆုံး ထိပ်တန်းမင်းသမီးတွေ ထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူမကိုတော့ အဖ ဦးမောင်ဦး၊ အမိ ဒေါ်သိင်္ဂီတို့မှ ၁၉၈၈ ခုနှစ်၊ August လ ၉ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဇာတိကတော့ မိုးကုတ်မြို့ပဲဖြစ်ပါတယ်။ အတန်းပညာကိုတော့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ်မှာ ၁၉၉၃ခုနှစ်ကနေ ၂၀၀၄ ခုနှစ်ထိ သင်ကြားခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့ နောက်မှာYUFL ကိုဆက်လက် တက်ရောက်ခဲ့ပြီး ၂၀၀၈ခုနှစ်မှာတေ့ာ B.A(korean)ဘွဲ့ကို ရရှိခဲ့ပါတယ်။

ငယ်စဉ်ကတည်းက သူမဟာ အဆိုတော်တစ်ဉီးဖြစ်လာဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ သူမနဲ့သူမသူငယ်ချင်းတွေပေါင်းပြီးတော့ Art of depression ဆိုတဲ့ Band တစ်ခုဖွဲ့ခဲ့ဖူးပါတယ်။ ဒီ Band မှာသူမဟာတော့ Vocalist အဖြစ်ပါဝင်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသူဘဝ ကတည်းက Model ဖြစ်ဖို့ ကြိုးစားခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ Max Calender မှာ Model အဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ သူမရဲ့ Model အမည်ကတော့ အမည်ရင်း ရွှေရည်ကိုဦး ပဲဖြစ်ပါတယ်။ နောက်ပိုင်း သရုပ်ဆောင်လောကထဲကို ဝင်ရောက်တဲ့အခါကျမှ ဖွေးဖွေးဆိုပြီး အမည်ပြောင်းလဲ ခဲ့တာဖြစ်ပါတယ်။ Model လောကမှာ နာမည်ရလာချိန်မှာ‌တော့ Music Video တွေ၊ တီဗွီကြော်ငြာတွေ၊ ဗီဒီယိုကား ရိုက်ကူးမှုတွေ ကပ်လိုက်လာခဲ့ပါတယ်။

သူမဟာ ဗီဒီယိုကားပေါင်း ၁၀၀ ကျော်နဲ့ မဂ္ဂဇင်း မျက်နှာဖုံးပေါင်း များစွာမှာ ပါဝင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ အောင်မြင်ကျော်ကြားတဲ့ တက်သစ်စ အနုပညာရှင်တစ်ယောက်အဖြစ် People Magazine Award(2009) ကို ရရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ သူမဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ်အဖြစ် လက်ပံ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ဒုတိယအကြိမ်၊ ၂၀၁၈ ခုနှစ် ခုနှစ်မှာ ရွှေကြာဆိုတဲ့ ဇာတ်ကားနဲ့ တတိယအကြိမ် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး သုံးထပ်ကွမ်း အကယ်ဒမီဆုရှင် ဖြစ်လာခဲ့ပါတယ်။ သူမအကယ်ဒမီရခဲ့တဲ့ ဇာတ်ကားတွေအကုန်လုံးကိုတော့ အကယ်ဒမီလေးဆုပိုင်ရှင် ဒါရိုက်တာ ဝိုင်း က ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးဟာ သရုပ်ဆောင်ခြင်း၊ သီချင်းဆိုခြင်းတွေအပြင် နောက်ထပ်ဝါသနာပါတာ တစ်ခုကတော့ Fashion Designing ပဲဖြစ်ပါတယ်။ တကယ်လို့ သူမသာ အနုပညာလောကထဲကို မရောက်ရှိခဲ့ဖူးဆိုရင် Fashion Designer တစ်ယောက် ကျိန်းသေဖြစ်လာမှာပါလို့ သူမကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ သူမဟာ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည် နဲ့ ညီအစ်မ ဝမ်းကွဲတော်စပ်ပါတယ်။ ဖွေးဖွေးဟာ စိုးပြည့်သဇင်ပြီးရင် ဒုတိယမြောက် အသက်အငယ်ဆုံး အကယ်ဒမီထူးချွန်ဆု ပိုင်ရှင် မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ Fanတွေကတော့ သူမကို ချစ်စနိုးနဲ့ ဖွေးစိန်လို့ ခေါ်ကြပါတယ်။

Credit