ထိုင်းပြန် ကိုဗစ် လူနာ အမှတ် (၂၄၂) နှင့် ထိတွေ့ခဲ့ သူများကို သတင်းပေးခြင်း ဖြင့် ကူညီပေးကြပါ
|ထိုင်းပြန် ကိုဗစ် လူနာ အမှတ် (၂၄၂) နှင့် ထိတွေ့ခဲ့ သူများကို သတင်းပေးခြင်း ဖြင့် ကူညီပေးကြပါ
ကိုဗစ်လူနာအမှတ် (၂၄၂) သည် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ကွမ်းအုံကျေးရွာနေ အသက် (၃၆) နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ၊ ကချနာပူရီမြို့၊ ကြက်သားရုံတွင် အလုပ်လုပ်ကိုင် ခဲ့ပါကြောင်း၊ (၂၄.၅.၂၀၂၀) ရက်နေ့တွင် မြဝတီမြို့၊ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ် (၂) မှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက် လာခဲ့ပါသည်။ အဆိုပါ (၂၄.၅.၂၀၂၀) နေ့တွင် မြဝတီ-မကွေး အောင်ကျော်မိုး ယာဉ်လိုင်း ယာဉ်အမှတ် 1L/4639 ခရီး သည်တင် Express ယာဉ်ဖြင့်(၂၄.၅.၂၀၂၀) ရက်နေ့ ည ၇ နာရီ ၃၀ မိနစ် အချိန်တွင် ချစ်ကြည်ရေး တံတားအမှတ် (၂) BCF Zine မှ သရက်မြို့သို့ ဆက်လက် ထွက်ခွာခဲ့ပါသည်။
(၂၆.၅.၂၀၂၀) ရက်နေ့မှစ၍ သရက်မြို့၊ တိုင်းရင်းသား ဖွံ့ဖြိုးရေး သိပ္ပံအဆောက်အဦးသစ် Facility Quarantine Centre တွင် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူလျက်ရှိကြောင်း နှင့် ဇွန်လ ၇ ရက် ညဦးပိုင်းတွင် မကွေးပြည်သူ့ဆေးရုံကြီး သို့ ဆက်လက် လွှဲပြောင်း၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်း ရရှိပါသည်။
အဆိုပါ လူနာအမှတ် (၂၄၂) နှင့် ထိတွေ့ ဆက်ဆံခဲ့သည့် Closed Contact များကို စိစစ်၍ Covid-19 ရှိ/မရှိ စစ်ဆေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း နှင့် သတင်းပေးခြင်းဖြင့် ပူးပေါင်းပါဝင် ကူညီနိုင်ကြပါရန် အသိပေးကြေငြာ အပ်ပါသည်။
Credit (Tay Zar Aung)