Live လွှင့်စျေးရောင်းရင်း ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခု နဲ့ ကြုံတွေ့ခဲ့ရတဲ့ “မေပန်းချီ”
|ပြည်သူချစ်oရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မေပန်းချီဟာဆိုရင် အမိုက်စားခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့အပြင် ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်အားပေးမှုကို အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်နော်.မေပန်းချီ ကတော့မိခင် ကျန်းမာနေစဉ် ကာလမှာလည်း လိုလေးသေးမရှိရ အောင်ပြုစုသူဖြစ်ပြီး နေမကောင်းနေစဉ်မှာလည်း ကလေးလေးတစ်ယောက်လို ဂရုတစိုက်ပြုစုပေးတဲ့ သမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။မိခင်ကြီးကွယ်လွန်ခါနီးမှာလည်း မိခင်ကိုတရား အကြောင်းလေး ပြောပြပြီး မိဘကျေးဇူးကိုဆပ်နိုင်ခဲ့သူလေး ဖြစ်ပါတယ်။
အလုပ်တွေကိုလည်း ကြိုးကြိုးစားစားလုပ်ကိုင်တဲ့မေပန်းချီဟာ သူမရဲ့ကွယ်လွန်လေပြီးတဲ့ မိခင်အတွက်လည်း ကောင်းမှုကုသိုလ်တွေ အမြဲပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။လက်ရှိအနုပညာအလုပ်တွေထက် အွန်လိုင်း Live Sale တွေရောင်းချနေလျက်ရှိတဲ့ မေပန်းချီဟာ Live Sale တွေကို နေ့စဉ်ရက်ဆက်လက်မလည်အောင်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ မေပန်းချီက သူမရဲ့အမေကို တလိုက်တာနဲ့ သိန်းနှစ်ထောင်ကျော်ဖိုး ရောင်းထွက်ခဲ့ကြောင်း “ဒီနေ့ နေမကောင်းလို့ အိမ်စောစော ပြန်ချင်တယ်လို့ အမေ့ကို တ လိုက်တာ (၃)နာရီနဲ့ သိနိး၂၂၀၄သိန်းဖိုးရောင်းရတယ်🙏🏻🙏🏻🙏🏻” ဆိုပြီး ပြောလာပါတယ်။မေပန်းချီကတော့ သူမရဲ့အမေက ကွယ်လွန်ခဲ့ပြီးပြီဖြစ်ပေမယ့် သူမကို အခုထိ စောင့်ရှောက်ပေးနေသေးတယ်လို့ ယုံကြည် နေသလို အမေ့ကိုတလိုက်တာနဲ့ ကံကောင်းမှုတွေရရှိတယ်လို့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။
Source: May Panche’s fb
zawgyi
ျပည္သူခ်စ္o႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေမပန္းခ်ီဟာဆိုရင္ အမိုက္စားခႏၶာကိုယ္ေလးကိုပိုင္ဆိုင္ထားတဲ့အျပင္ ပီျပင္ပိုင္ႏိုင္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပရိတ္သတ္အားေပးမႈကို အခိုင္အမာရရွိထားတာပဲျဖစ္ပါတယ္ေနာ္.ေမပန္းခ်ီ ကေတာ့မိခင္ က်န္းမာေနစဥ္ ကာလမွာလည္း လိုေလးေသးမရွိရ ေအာင္ျပဳစုသူျဖစ္ၿပီး ေနမေကာင္းေနစဥ္မွာလည္း ကေလးေလးတစ္ေယာက္လို ဂ႐ုတစိုက္ျပဳစုေပးတဲ့ သမီးေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။မိခင္ႀကီးကြယ္လြန္ခါနီးမွာလည္း မိခင္ကိုတရား အေၾကာင္းေလး ေျပာျပၿပီး မိဘေက်းဇူးကိုဆပ္ႏိုင္ခဲ့သူေလး ျဖစ္ပါတယ္။
အလုပ္ေတြကိုလည္း ႀကိဳးႀကိဳးစားစားလုပ္ကိုင္တဲ့ေမပန္းခ်ီဟာ သူမရဲ႕ကြယ္လြန္ေလၿပီးတဲ့ မိခင္အတြက္လည္း ေကာင္းမႈကုသိုလ္ေတြ အၿမဲျပဳလုပ္ေပးေနတာပဲျဖစ္ပါတယ္။လက္ရွိအႏုပညာအလုပ္ေတြထက္ အြန္လိုင္း Live Sale ေတြေရာင္းခ်ေနလ်က္ရွိတဲ့ ေမပန္းခ်ီဟာ Live Sale ေတြကို ေန႔စဥ္ရက္ဆက္လက္မလည္ေအာင္လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။
ဒီကေန႔မွာေတာ့ ေမပန္းခ်ီက သူမရဲ႕အေမကို တလိုက္တာနဲ႔ သိန္းႏွစ္ေထာင္ေက်ာ္ဖိုး ေရာင္းထြက္ခဲ့ေၾကာင္း “ဒီေန႔ ေနမေကာင္းလို႔ အိမ္ေစာေစာ ျပန္ခ်င္တယ္လို႔ အေမ့ကို တ လိုက္တာ (၃)နာရီနဲ႔ သိနိး၂၂၀၄သိန္းဖိုးေရာင္းရတယ္🙏🏻🙏🏻🙏🏻” ဆိုၿပီး ေျပာလာပါတယ္။ေမပန္းခ်ီကေတာ့ သူမရဲ႕အေမက ကြယ္လြန္ခဲ့ၿပီးၿပီျဖစ္ေပမယ့္ သူမကို အခုထိ ေစာင့္ေရွာက္ေပးေနေသးတယ္လို႔ ယုံၾကည္ ေနသလို အေမ့ကိုတလိုက္တာနဲ႔ ကံေကာင္းမႈေတြရရွိတယ္လို႔ ေျပာလာခဲ့တာပဲျဖစ္ပါတယ္။
Source: May Panche’s fb