မြို့ပေါ် မှာ တပ်စွဲ ထားတဲ့ အမေရိကန် စစ်တပ်တွေ ကို ဆုတ်ခွာဖို့ ထရန့် အမိန့်ပေးလိုက်ပြီ
|မြို့ပေါ် မှာ တပ်စွဲ ထားတဲ့ အမေရိကန် စစ်တပ်တွေ ကို ဆုတ်ခွာဖို့ ထရန့် အမိန့်ပေးလိုက်ပြီ
ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ ဂျော့ဖလွိုက် ဆန္ဒပြမှု တွေကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းလုံးမှာ ဆူပူမှု၊ အကြမ်းဖက်တွေဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြမှုတွေဟာ အစိုးရရုံးစိုက်ရာ ဝါရှင်တန်ဒီစီကို ရောက်လာတဲ့အတွက် သမ္မတထရန့်က အမေရိကန်အမျိုးသားလုံခြုံရေးတပ် ထောင်နဲ့ချီကို ခေါ်ယူ ခဲ့ရပါတယ်။
ဆန္ဒပြပွဲတွေဟာ နောက်ပိုင်းနေရာ အချို့နေရာတွေမှာ ဆူပူမှုအဓိကရုန်းများ ဖြစ်ပေါ်လာခဲ့ရာ အိမ်ဖြူတော်နှင့် များစွာ မဝေးလှသောနေရာ၌ အကြမ်းဖက်မှုများဖြစ်ပွားသဖြင့် သမ္မတအိမ်တော်ကို အလျှင်အမြန်တားဆီးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရပါတယ်။
ယခုအခါ အကြမ်းဖက်ဆန္ဒပြမှုတွေလျော့နည်းသွားပြီး ထိန်းချုပ်နိုင်ပြီ ဖြစ်တာကြောင့်အမျိုးသား လုံခြုံရေးတပ်တွေကို သမ္မတထရန့်က ပြန်လည်ရုတ်သိမ်းနေပြီဖြစ်ပါတယ်။ မြို့တော်အတွင်း ကန့်ကွက်ပွဲများသည် လူနည်းသည်ထက် နည်းလာပြီး ညပိုင်းတွင် အဓိကရုန်းအသွင်ပြောင်းလဲခြင်းမရှိသဖြင့် ဝါရှင်တန် ရဲတပ်ဖွဲ့အား ဒေါ်နယ်ထရမ့်က သူ၏ တွစ်တာ စာမျက်နှာ၌ ရေးသား ချီးကျူး လိုက်ပါတယ်။
တချို့မှာ ဆန္ဒပြပွဲတွေဖြစ် ခဲ့ပေမယ့် အကြမ်းဖက်မှု မရှိဘူးလို့ သိရပါတယ်။ အိမ်ဖြူတော်နား မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေး တပ်တွေက လေးဘက်လေးလံ နေရာ ယူထားတာတွေ့ရပါတယ်။ ဒါပေမယ့် ပဋိပက္ခတစ်စုံတရာတော့ မပေါ်ပေါက်ဘဲ ပြီးဆုံးခဲ့ပါတယ်။
ဂျော့ဖလွိုက်သေဆုံးမှု နဲ့ ပတ်သက်ပြီး အမေရိကန်တစ်ဝန်းလုံးမှာ မေလ ၂၅ ရက်နေ့ ကတည်းက ဆူပူဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့တာ နှစ်ပတ်နီးပါး ရှိပြီ ဖြစ်ပါတယ်။
crd : whitesone