ခွဲခြား ဆက်​ဆံမှု​တွေ အမြဲကြုံ​တွေ့နေ ရတဲ့ သံဃာတော် ဂိုဏ်းဝင် သနားစရာ ဆရာ​လေးများ

ခွဲခြား ဆက်​ဆံမှု​တွေ အမြဲကြုံ​တွေ့နေ ရတဲ့ သံဃာတော် ဂိုဏ်းဝင် သနားစရာ ဆရာ​လေးများ

နေ့စဉ်​ လှုပ်​ရှားရုန်းကန်​​နေရတဲ့ထဲမှာ လူ​တွေတင်​ မကဘူး သံဃာ​တော်​​တွေလည်းပါ ပါတယ်..​ သံဃာ​တော်​​တွေထဲမှာမှ အထူးသဖြင့်​ မယ်​သီလရှင်​​လေး​တွေ ဆရာ​လေးငယ်​ငယ်​​လေး​တွေ ဒီနိုင်​ငံမှာကသံဃာ​တော်​ဖြစ်​ရတာ​ချင်း အတူတူ​တောင်​ မယ်​သီလရှင်​​တွေ ဆရာ​လေး​တွေကိုဆို ခွဲခြားဆက်ဆံမှု သိပ်​လုပ် ​ကြပါတယ်။

ဘယ်​​နေရာသွားကြည့်​ကြည့်​ ဘုန်းကြီး​တွေ ဦးဇင်း​တွေ ကိုဆို ရက်​ရက်​​ရော​ရော လှူမယ့်​တန်းမယ့်​သူ​တွေတစ်​ပုံတစ်​ပင်​ ဆရာ​လေး​တွေ သီလရှင်​​တွေကိုဆိုရင်​​တော့ များ​တော့အားဖြင့်​ မသိကျိုးကျွံပြုထားကြတာများတယ်။ ဒီ​နေ့ကြည့်​မြင်​တိုင်း ဟုမ်းလမ်းကိုပစ္စည်းသွားပို့ဖြစ်​တယ်​.. အဲ့ကပြန် ​လာ​တော့ YBS 41စီးလာတယ်​ ကြည့်​မြင်​တိုင်​ဘူတာမှတ်​တိုင်​​ရောက်​​တော့ ဆရာ​လေး ၅ ပါးတက်​လာတယ်​ အသက်​အားဖြင့်​ဆိုရင်​ ၁၂ နှစ်​ပတ်​ဝန်းကျင်​​လောက်​ပဲရှိကြ​သေးတယ်..​ ကား​ပေါ်တက်​လာတဲ့ပုံစံ​လေး​တွေက နွမ်းနယ်​ပီး​ချွေးသံတရွဲရွဲ​လေး​တွေနဲ့ ဖိနပ်​က ​လေး​တွေဆိုရင်​လည်း ဖင်​မြီးပြတ်​​နေတာနဲ့ လူကြီးစီး​ဖော့ဖိနပ်​အကြီးကြီး​တွေကို မ​တော်​တ​ရော်​စီးထားရတာနဲ့ ​အော်​ကြည့်​ပီးစိတ်​မ​ကောင်းဖြစ်​​နေတုန်းရှိ​သေး…

ကားဒရိုင်​ဘာက ဆရာ​လေးတို့ဆရာ​လေးတို့တဲ့ ယာဉ်​စီးခ ဘယ်​သူထည့်​မှာလဲတဲ့.. ပထမတစ်​ခါ​မေးတယ်​ ဆရာ​လေး​တွေကလည်း မကြားတာပဲလည်းတမင်​သက်​သက်​ မကြားချင်​​ယောင်​​ဆောင်​တာပဲလားမသိဘူး တစ်​ပါးမှပြန်​မ​ဖြေကြဘူး.. ကားဒရိုင်​ဘာက​နောက်​တခါထပ်​​မေးတယ်​ အသံမာမာနဲ့ ဒုတိယ တစ်​​ခေါက်​မှာလည်း မသိချင်​​ယောင်​​ဆောင်​​နေကြ​သေးတယ်..​ တတိယတစ်​​ခေါက်​ကြ​တော့ မဖြစ်​​တော့ဘူးပိုက်​ဆံထည့်​မှဖြစ်​​တော့မယ်​ဆိုတာသိ​တော့ ဆရာ​လေးတစ်​ပါးက ထိုင်​ခုံက​နေထပီးသူတို့ဆွဲလာတဲ့ ကျန်​​ကျောင်းအိတ်​​လေးထဲက​နေ ပိုက်​ဆံတစ်​​ထောင်​တန်​​လေး ထုတ်​ပီး ​ငွေပုံထဲကိုသွားထည့်​ရှာတယ်…

ပိုက်​ဆံထည့်​ပီးစီးတာ​တောင်​ ဒရိုင်​ဘာကဘာ​ပြောတာမှတ်​လဲ ​နောက်​ဆုံးတန်းမှာ အကုန်​စုပီးထိုင်​ပါတဲ့လားတဲ့ ​နောက်​ဆုံးတန်းဆို​တာသံဃာ​တော်​မ​ပြောနဲ့ ပူလွန်းလို့လူ​တွေ​တောင်​မထိုင်​ချင်​ဘူး.. ​နောက်​ပီး aircon bus အကြီးကြီးလည်းမဟုတ်​ဘူး.. မီနီဘတ်​စ်​ပိစိ​လေး သူတို့ဟာသူတို့အဆင်​​ပြေတဲ့​နေရာမှာထိုင်​ပါ​စေ​ပေါ့ ဆရာ​လေး​တွေလည်းအဲ့​နောက်​မှာသွားထိုင်​ရှာပါတယ်..​ နဂိုလူတစ်​​ယောက်​ရှိ​တော့ ​လေးပါးပဲအဲ့​နောက်​တန်းမှာထိုင်​ပီး တစ်​ပါးက​ရှေ့မှာထိုင်​ကျန်​ခဲ့ရတယ်​ ထိုင်းပီးငါးမိနစ်​​လောက်​ပဲ ရှိ​သေးတယ်​ တစ်​ပါးကိုတစ်​ပါးမှီပီး အိပ်​​ပျော်​သွားကြပါ​လေ​ရော…

တ​နေကုန်​​နေပူထဲမှာဘယ်​​လောက်​​တောင်​ လမ်း​လျှောက်​ပီး အလှူခံရလို့လဲ မသိဘူး ပင်​ပန်းပီးအိပ်​​ပျော်​သွားကြတာ ဒီအရွယ်​​လေး​တွေက ​ကောင်း​ကောင်း​နေ​ကောင်း​ကောင်းစားပီး ​ကောင်း​ကောင်းပညာသင်​​နေရမယ့်​အချိန်​ပါ ဒီရက်​ပိုင်းမှ​နေကလည်းပူလိုက်​တာဆိုတာ ​ပြောဖွယ်​ရာမရှိ ​နေရတဲ့​ကျောင်းကလည်း သိပ်​အဆင်​မ​ပြေလှဘူး ထင်​ပါတယ်​ တစ်​ကိုယ်​​ရေသန့်​ရှင်းမှုလည်းအားနည်း​နေပီး ဦး​ခေါင်းမှာလည်းယားနာ​လေး​တွေ ဖြစ်​​နေတာ​တွေ့ရပါတယ်…

စီးလာတဲ့လမ်းတစ်​​လျှောက်​လုံး စိတ်​မ​ကောင်းလိုက်​တာ ကားဒရိုင်​ဘာ ကိုလည်း အပြစ်​မတင်​ချင်​​တော့ပါဘူး သူလည်းဒီပုးံထဲပိုက်​ဆံပြည့်​မှ​နေတွက်​ကိုက်​မှာဆို​တော့ ငါးပါး​တောင်​ဆို​တော့လည်း ​တောင်းတာ​ပေါ့ ကျွန်​​တော်​လည်းဆင်းခါနီးကျ​တော့ မ​နေနိုင်​လို့ ​ရှေ့မှာထိုင်​​နေတဲ့ဆရာ​လေးကို ခုဏကထည့်​လိုက်​ရတဲ့ ယာဉ်​စီးခ တစ်​​ထောင်​ကို တပည့်​​တော်​ပြန်​လှူပါတယ်​ဆိုပီး တစ်​​ထောင်​လှူခဲ့လိုက်​တယ်​ တတ်​နိုင်​ရင်​ဒီထက်​​တောင်​လှူချင်​ပါ​သေးတယ်…

ပိုက်​ဆံတစ်​​ထောင်​ဆိုတာ ကိုယ်​​တွေအတွက်​မ​ပြောပ​လောက်​​ပေမယ့်​ သူတို့​တွေအတွက်​​တော့ခက်​ခဲပါလိမ့်​မယ်​ တစ်​ဆယ်​တန်​နှစ်​ဆယ်​တန်​​တွေ ​ခေတ်​မရှိ​တော့လို့​တော်​​သေး​ပေမယ့်​ သီလရှင်​​တွေဆိုဘယ်​သူ့ဘယ်​သူ့ကမှ ငါးရာတစ်​​ထောင်​မလှူချင်​ကြဘူး ဘုန်​ကြီးရဟန်း​တွေကိုသာ ​သောင်းနဲ့သိန်းနဲ့ချီလှူကြတန်းကြ​ပေမယ့်​ သီလရှင်​​တွေကျ​မေ့​နေတတ်​ကြပါတယ်…

သီလရှင်​​တွေလည်း ဘုရားရဲ့သမီး​တော်​သံဃာ​တော်​​တွေပါပဲ ဦးဇင်း​တွေကို​တောင်​ယာဉ်​စီးခ ကင်းလွတ်​ခွင့်​​ပေးထား​သေးရင်​ သီလရှင်​​တွေကိုယာဉ်​စီးခ ကင်းလွတ်​ခွင့်​ ပေးသင့်​ပါတယ်​ သူများနိုင်​ငံ​တွေ​တော့မသိဘူး ဒီနိုင်​ငံမှာ​တော့သီလရှင်​​တွေဟာ အလှူ​ငွေရဖို့အများကြီးchanceမရှိပါဘူး တစ်​ခါလှူအ​ကြွေး​လေး​တွေ တစ်​ရာနှစ်​ရာ​ လောက်​ပဲထည့်​ပးကြပါတယ်…

ဟိုးတ​လောက​တော့​ဖေ့ဘွတ်​ခ်​မှာ ​တွေ့မိလိုက်​ပါတယ်​ မိသားစုတစ်​စု ​မွေး​နေ့အထိမ်းအမှတ်​လား ဘားလား​တော့ ​သေချာမမှတ်​မိ​တော့ဘူး သီလရှင်​​တွေအများကြီးကို ငါး​ထောင်​တန်​​တွေ အထပ်​လိုက်​​လှူ​နေတာ​တော့တစ်​ခါ​တွေ့ဖူးတယ်​ ​ကောင်းလိုက်​တဲ့အလှူလို့ သီလရှင်​​တွေကိုဒီလို​ပေါ​ပေါသီသီ လှူကြတာကရှားတာ​လေ ဒီနိုင်​ငံမှာသီလရှင်​ဖြစ်​ရတာလည်းမလွယ်​ပါဘူး…

တစ်​ချိုလူ​တွေဘုန်းကြီးကိုကန်​​တော့​ပေမယ့်​ သီလရှင်​ကိုကန်​​တော့ရမှာ ဝန်​​လေး​နေတဲ့သူ​တွေကို​တောင်​ ​တွေ့ဖူးမြင်​ဖူး ပါတယ်​ လွန်​ခဲ့တဲ့သုံးနှစ်​​လောက်​က ရုံးတရုးံမှာ အလုပ်​လုပ်​ခဲ့ဖူးတယ်​ အဲ့ရုံးကကျွန်​​တော့်​အထက်​က အစ်​မကကျ​တော့်​ကို​ပြောပြဖူးတယ်​ ​မောင်​​လေးတဲ့သီလရှင်​​တွေကို ကား​ပေါ်မှာ​တွေ့ရင်​ တတ်​နိုင်​သ​လောက်​လှူဒါန်း​ပေးပါတဲ့ သူတို့ကိုလှူမယ့်​တန်းမယ့်​သူကသိပ် ​မရှိဘူးတဲ့ အစ်​မဆိုလည်း အစ်​မစီးလာတဲ့ကား​ပေါ်မှာ သီလရှင်​​တွေပါလာရင်​ အမြဲကားခထည့်​လှူ​ပေးတယ်​တဲ့ ​မောင်​​လေးလည်းလှူ​ပေးတဲ့…

ကျွန်​​တော်​လည်း အဲ့ထဲက​နေ သီလရှင်​​တွေကို ကားခလှူတဲ့ အကျင့်​​လေးပါလာတာ ဒီ​နေ့အထိပါပဲ.. ခုလိုအကျင့်​​ကောင်း​လေးကို မျှ​ဝေ​ပေး ခဲ့တဲ့ Seven diamond ကမမစန္ဒာကိုလည်း ​ကျေးဇူးအထူးတင်​ပါတယ်​.. အခုလည်းကျွန်​​တော်​ကတစ်​ဆင့်​ ပြန်​ပီးမျှ​ဝေတဲ့သ​ဘော​လေးပါပဲ.. ဘယ်​သူ့ဘယ်​သူ့ကိုမှ​တော့အပြစ်​ဖို့မ​နေချင်​​တော့ ပါဘူး.. ကိုယ်​လည်းကိုယ်​တတ်​နိုင်​သ​လောက်​​လေး လှူဒါန်း လိုက်​တယ်..​ သူတို့လည်ူအဆင်​​ပြေသွားတယ်​.. ကိုယ်​လည်းကုသိုလ်​ရတယ်​​အေးချမ်းသွားတယ်..​ သွား​လေရာလမ်းခရီး​ဖြောင့်​ဖြူးတယ်..​ ဖြစ်​နိုင်​ရင်​​တော့ သံဃာ​တော်​​တွေအားလုံးကို ယာဉ်​စီးခ အခမဲ့ဖြစ်​​စေချင်​ပါတယ်…

ဘုန်းကြီးမို့လို့ သီလရှင်​မို့လို့ဆိုပီး ခွဲခြား ဆက်​ဆံတာမျိုးကို မဖြစ်​​စေချင် ​ပါဘူး.. ဘုန်​ကြီးလည်းသံဃာ​တော်​ သီလရှင်​လည်း သံဃာ​တော်​ပါပဲ… သံဃာ​တော်​​တွေအတွက်​ သွားလမ်းလာလမ်းအဆင်​​ပြေသက်​သာ​စေဖို့ ကုသိုလ်​ယူ​စေချင်​ပါတယ်​…

ကျွန်​​တော်​ရဲ့ညီကို​မောင်​နှမ သူငယ်​ချင်း​တွေကို ဒါမျိုး အလှူ​လေး​တွေကို တတ်​နိုင်​သ​လောက်​လှူ​ပေးဖို့ မျှ​ဝေ​ပေး လိုက်​ခြင်းဖြစ်​ပါတယ်​…

ချစ်တဲ့ Min Thant

Add a Comment

Your email address will not be published. Required fields are marked *

eleven − six =