ကူးစက် မှုများ တပြိုင်နက် ပေါ်လာပါက မထိန်းနိုင် ကြောင်း ကျန်းမာရေး ဝန်ကြီးပြော

ကူးစက် မှုများ တပြိုင်နက် ပေါ်လာပါက မထိန်းနိုင် ကြောင်း ကျန်းမာရေး ဝန်ကြီးပြော

ပြည်တော်ပြန် မြန်မာနိုင်ငံသား ၅၃ ဦး တွင် ကိုဗစ်ရောဂါ ကူးစက်ခံရကြောင်း စိစစ်တွေ့ရှိရပြီးနောက် မြန်မာနိုင်ငံ တွင် ရောဂါကူးစက်မှုများ ရုတ်တရက် အများအပြား ဖြစ်ပေါ်လာနိုင်ပြီး ထိန်းချုပ်ရန် ခက်ခဲ၍ မနိုင်မနင်းဖြစ်လာနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေး လိုက်ပါတယ်။

ဇွန်လ ၇ ရက်နေ့ ညပိုင်းက ထုတ်ပြန်သော ဝန်ကြီး၏ ကြေညာချက် တွင် မေလ ၁၈ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့ အထိ ပြည်တွင်း ကူးစက်ခံရသူ လူနာ ၁ ဦးမှ လွဲ၍ ပြည်တွင်း ကူးစက်မှု မရှိတော့ကြောင်း၊ သို့သော် ပြည်ပ မှ ပြန်လာသော မြန်မာများတွင် ရောဂါကူးစက် ခံထားရကြောင်း၊ ယင်းလူနာများမှ တစ်ဆင့် ရောဂါကူးစက်မှု မဖြစ်ပွားစေရန် ကြိုးစား လုပ်ကိုင်လျက်ရှိကြောင်း ၊

ကူးစက်ရောဂါ တစ်ခုခု ကြောင့် ဖြစ်ပွားသော ကပ်ရောဂါ၏ သဘောသဘာဝ ဆိုသည်မှာ ဖြစ်ပွားမှုနှုန်း မြင့်လာခြင်း၊ တန့်နေခြင်း လျော့ကျသွားခြင်း အမျိုးမျိုး ဖြစ်နိုင်ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် မည်သည့်အခြေအနေသို့ ဦးတည်သွားမည်ကို အတိအကျ ခန့်မှန်းပြောဆိုရန် အချိန်အနည်းငယ် စောလွန်းနေသေးကြောင်းလည်း ဝန်ကြီးက သတိပေးထားပါတယ်။

ထုတ်ပြန်ချက်များကို မလိုက်နာသူများ၊ ရောဂါ လက္ခဏာ မပြသောသူများ၊ တိတ်တဆိတ် သယ်ဆောင် သူများ ရှိနေခြင်းတို့ကြောင့် ရောဂါကူးစက်မှုများ တပြိုင်နက် အများအပြား ဖြစ်လာ နိုင်ကြောင်း၊ ထိုသို့ အစုလိုက်အပြုံလိုက် တပြိုင်နက် ဖြစ်လာပါက ထိန်းချုပ်ရန် ခက်ခဲပြီး မနိုင်မနင်း ဖြစ်လာနိုင်ကြောင်း ဝန်ကြီးက ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါ သည် ကမ္ဘာတွင် အသစ်ဖြစ် ပေါ်သည့် ရောဂါဖြစ်သည့် အတွက် ရောဂါ၏ သဘောသဘာဝ များကို အပြည့်အဝ မသိရှိရသေးကြောင်း၊ ကပ်ရောဂါ အသွင်ဖြစ်နေသော ရောဂါတစ်ခု၏ ထိန်းချုပ်မှု လုပ်ငန်းများကို ရုတ်ချည်းလွှတ်လိုက်ပါက စပရိန်တစ်ခုသဖွယ် အရှိန်ဖြင့် ပြန်တွန်းကန်တတ်သည့် သဘောရှိသဖြင့် တဖြည်းဖြည်းချင်းသာ လျှော့ချရမည်ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် လုံးဝ(လုံးဝ) မပေါ့ဆကြရန် ဝန်ကြီးက တိုက်တွန်းနှိုးဆော်ထားပါတယ်။

၂၀၂၀ ခုနှစ် ဇွန်လ ၈ ရက်နေ့ အထိ မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါအတည်ပြုလူနာ (၂၄၃) ဦးရှိနေပြီဖြစ်ပြီး ၆ ဦးသေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

crd : whitesone