ရွှေခေါက်ဆွဲ မှာ သူတွေကို အချိန်မှီ စားစေချင် လို့ ကိုယ်တိုင် လိုက်ပို့ရင်း ကားတိုက်မှု ဖြစ်ခဲ့တဲ့ လင်းဇာနည်ဇော် “

ရွှေခေါက်ဆွဲ မှာ သူတွေကို အချိန်မှီ စားစေချင် လို့ ကိုယ်တိုင် လိုက်ပို့ရင်း ကားတိုက်မှု ဖြစ်ခဲ့တဲ့ လင်းဇာနည်ဇော် “

ပရိသတ်ကြီးရေ လင်းဇာနည်ဇော် ကတော့ Single Motherအဖြစ် ရဲရဲဝံ့ဝံ့ ရပ်တည်ကာ အခုဆိုရင်အနုပညာအလုပ်အပြင် သူမရဲ့ကိုယ်ပိုင်စီးပွားရေးစားသောက်ကုန်တွေကိုလည်း လုပ်ကိုင်လျက်ရှိသူပါ။ ချစ်စရာကောင်းတဲ့သမီးချော အလိမ္မာလေး မြူလင်းကိုကို ကိုလည်း ပိုင်ဆိုင်ထားကာ မြူလင်းလေးကို ပရိသတ်တွေကလည်း သဲသဲလှုပ်ချစ်ခင်အားပေးကြတာပါပဲနော်။

အမြဲပျော်ပျော်နေကာ အဆင့်အတန်း မခွဲ ခြားဘဲ ဟိတ်ဟန်မရှိတဲ့ ဝါရင့်မင်းသမီးကြီးဖြစ်တဲ့လင်းဇာနည်ဇော်ကတော့ ရွှေခေါက်ဆွဲလုပ်ငန်းကို ဦးစီးလုပ်ကိုင်လျက်ရှိရာ မနေ့က ကျရောက်တဲ့ ဇွန်လ ၆ရက်နေ့မှာတော့ ” ကံမကောင်းတဲ့နေ့လေးဒီနေ့’ရွှေ​ခေါက်ဆွဲ’အတွက် Deli ကား ၄ စီးထွက်တယ်။ ကိုယ့်အစားအသောက်ကလည်းမနက်စာ စားရတဲ့ဟာလေးဖြစ်နေတော့ မနက်စာအချန်မှီ စားစေချင်တယ်လေ အိုက်တော့..ကားများရင် ပိုစောစောရောက်နိုင်မယ်ပေါ့။ ကိုယ်လဲတစ်စီး ထွက်မယ်ပေါ့.လမ်းမကျွမ်းတဲ့ ကိုယ့်အတွက်ဘေးမှာလမ်းပြောပေးတဲ့ အခါတော်ပေး(မချစ်)ကလဲမအားလို့မပါ…

မြန်မြန်ရောက်ချင်စိတ်ရယ်..အလွတ်မှတ်လာတဲ့ လမ်းတွေကျက်နေရတာရယ်..ဘယ်အချိန်ရောက်မလဲမေးနေသူတွေကို လည်းဖုံးတွေနဲ့ပြန်ဖြေပေးရင်းးး Taxiတစ်စီးနဲ့ ချစ်ကြိုက်မိလေရောအဲ့ဒီ့အချိန်ကားကိုကြည့်ဖို့ထက်အနောက်ကပါလာတဲ့ခေါက်ဆွဲဗူးတွေတော့သွားပါပြီ ဆိုတဲ့အတွေးကအရင် ပေါ်လာ..စားသုံးသူလက်ထဲ ကိုကိုယ့်ပစ္စည်းလေးသပ်သပ်ရပ်ရပ်အပ်ချင်တာလေ ဒီနေ့အတွက်တော့မလင်းလာပို့တဲ့customerတွေထဲမှာမသပ်မရပ်တာ များပါသွားခဲ့ရင်..တောင်းပန်ပါတယ်လို့.”ဆိုတဲ့စာလေးနဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။ ပရိသတ်ကြီးလည်း လင်းဇာနည်​ဇော်ရဲ့ ရွှေခေါက်ဆွဲလေးကို အားပေးတဲ့သူတွေ ရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Lin Zarni Zaw
Credit CeleConnections

Add a Comment

Your email address will not be published. Required fields are marked *

2 × three =