ကြောက်စရာ ကောင်းချက်တော့ ဗွီယိုဖိုင်သာ ဖွင့်ကြည့်လိုက်တော့ဗျာ ၊ည (၁၂ )နာရီလောက်က စပြီး မိုးအဆက်မပြတ် ရွာသွန်း ခဲ့ပြီး နံက် ၆နာရီလောက်မှာ တောင်တစ်လုံးစာ မြေစာပုံကြီး ပြိုကျခဲ့တဲ့ ဖားကန့်။
|ည (၁၂ )နာရီလောက်က စပြီး မိုးအဆက် မပြတ် ရွာသွန်းခဲ့ပြီး နံက် ၆ နာရီလောက်မှာ ဖြစ်သွားတာပါ ။
ဒေသအခေါ် တော့ မျောကြောင်း ထိုးကျတယ် ခေါ်တာပေါ့ ။
ဖားကန့်မြို့နယ်ဆိပ်မူ ကျေးရွာ အုပ်စု မမုံကျေးရွာ နောက် ကပ်လျှက် ။
မိုးရွာသွန်းမှုကြောင့် ပေ၅ဝဝ လောက်အမြင့် ရှိတဲ့ တောင်ပေါ်ကနေ မျောကြောင်း (ရေစီးကြောင်း ) ပေါက်ကျခဲ့တာလို့ဆိုပါတယ် ။ အဆိုပါမျောကြောင်းပေါက်ကျမှုကြောင့် ကုမ္ပဏီ လုပ်ကွက်ဟောင်း နွံကန်ထဲကို တရားမဝင် ကျောက်စိမ်းတူးဖော်နေတဲ့ စက်ယန္တယားနှစ်စီးနဲ့ ဖိုးဝှီးကားတစီး နစ်မြုပ် သွားခဲ့တာပါ ။
နစ်မြုပ်သွားတဲ့ စက်ယန္တယားတွေဟာ ဘယ် ကုမ္မဏီက စက်ယန္တဒားတွေ ဖြစ်တယ်ဆိုတာ မသိရသေးဘူးလို့ ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ဖားကန့်တာဝန်ခံ ဦးသောင်းဇံက ပြောပါတယ် ။
ဒီဖြစ်စဉ် မျောကြောင်းပေါက်ကျရာ လမ်းကြောင်း မှာ ရှိတဲ့ တပိုင်တနိုင်ရွှေမျော တိုက်သူတွေနေထိုင်တဲ့ လူနေတဲအိမ် ဆယ်လုံးခန့် တိုက်စားပျက်စီးသွားတယ်လို့လည်း မမုံကျေးရွာ NLD တာဝန်ခံ ဦးထွေးမောင်က ပြောပါတယ် ။
ဒါ့အပြင် ကုမ္မဏီကလို့ ယူဆရတဲ့ စက်ယန္တယား ထားတဲ့ အဆောက်အဦးနှစ်လုံးလည်း ပျက်စီးခဲ့ပြီ ၊ နစ်မြုပ်သွားတဲ့ စက်ယန္တယားတွေနဲ့အတူ စက်သမား ကားသမားတွေလည်း သေဆုံးနိုင်တယ်လို့ အခင်းဖြစ်ပွားရာ နေရာမှာ ရှိတဲ့ မျက်မြင်တချို့က ပြောဆိုနေကြပါတယ် ။
ဖားကန့်မြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်ကတေယ့ ယခုဖြစ်စဉ်မှာ လူသေဆုံးမှုမရှိပဲ ပစ္စည်းများ ပျက်စီး ဆုံးရှုံးမှုသာ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ် ။
ဖားကန့်ရတနာ နယ်မြေမှာ မိုဟရာသီရောက်တိုင်း ကမ်းပါးပြိုကျမှု ၊ နွံကန်ပွင့်ကျမှုနဲ့ မြေစာပြိုမှု မြေပြိုမှု များကြောင့် နှစ်စဉ် လူပေါင်း ရာနှင့်ချီ သေဆုံးနေခဲ့ရတာလည်း ဖြစ်ပါတယ် ။၂ဝ၁၉ခုနှစ် မိုးရာသီမှာ ဖော်ပြပါ အန္တရာယ်ကျရောက်နိုင်တဲ့ ဖြစ်စဉ်များ မဖြစ်ပွားစေရန် မိုးရာသီ သုံးလ ရပ်နားထားရန် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကို အကြံပြုတိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ် ။
၂ဝ၂ဝခုနှစ်မှာလည်း မိုးရာသီမှာ အန္တရာယ် ကျရောက်ခြင်းမရှိရန် တူးဖေယ်ရေး လုပ်ငန်းများ ရပ်နားထားရန် အကြံပြုညွှန်ကြားထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ် ။
Credit #ဇော်မိုးထက် (ဖားကန့် ) #ဖားကန့်
ဘက်ဘိုးတွေ မြုပ်သွားတယ် ။
ဆက်လက်ဖော်ပြပေးပါ့မယ် ။