လူ ၁၄ သန်းကျော် ကို စစ်မယ့် တရုတ်ရဲ့ ကိုဗစ် ရှင်းလင်းရေး မဟာစစ်ဆင်ရေးကြီး အကြောင်း

ဝူဟန်မှာTest စပြီးစစ်နေပုံ သိရ သမျှ။ ဝူဟန်မှာ တမြို့လုံး လူပေါင်း ၁၁ သန်းကနေ ၁၄ သန်းကျော် အထိမှန်းထားပြီး nucleic Test ကို စလုပ်နေပါပြီ။ လူတွေကို အဓိက အုပ်စု ၁၂ ခုခွဲ ပါတယ်။

(၁) confirmed လက္ခဏြာ ပပြီး လုံးဝရောဂါ ရှိနေသူ။ (၂) asymptomatic ရောဂါရှိနေနိုင်ပြီး လက္ခဏာမပြသူ။ (၃) အပေါ်ကလူတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူ (closed contact) (၄) အဖျားရှိသူ (၅) ကျောင်းနဲ့ဆိုင်သူ (၆) ကျန်းမာရေးဝန်ထမ်း (၇) ပို့ဆောင်ရေးဝန်ထမ်း (၈) ဘဏ်ဝန်ထမ်း (၉) စူပါမားကက် ဝန်ထမ်း (၁၀) အစိုးရရုံးဝန်ထမ်း (၁၁) ပြည်ပကနေပြန်ရောက်လာသူ (၁၂) ဝူဟန်မြို့ကနေထွက်ခွာဖို့ရှိသူ စုစုပေါင်း 12 ခု အပေါ်ကလို ဖွဲ့ပါတယ်။

အပေါ်က ၁၂ ဖွဲ့အတိုင်း မြို့လူအကုန် ရာနှုန်းပြည့်စစ် ပါမယ်တဲ့။ အဲ့ဒီမှာ တရုတ်ပြည်ရဲ့ လက္ခဏာ မပြသူ (asymtomatic case) သတ်မှတ်ပုံက – Test စစ်တော့ positive ဖြစ်သူ ဒါပေမယ့် ရောဂါ လက္ခဏာလုံးဝမပြသူ ကိုသတ်မှတ်ပါတယ်။။ အဲ့ဒီလူတွေကအကြောက်ရဆုံးပါ။ သူတို့က ကိုယ့်ဟာကိုယ်ရောဂါမရှိဘူးထင်ပြီး လူတွေထဲ သွားလာရင်း ရောဂါကို အတိုင်းအဆမရှိပြန့်နှံ့သွားစေနိုင်ပါတယ်။

ဝူဟန်မြို့အနေအထားကဘယ်လိုလဲ⁉️ ဝူဟန့်မှာ ဒိစတြိတ် ၁၃ ခုရှိပါတယ်။ စတုရန်း ကီလိုမီတာ ၈၅၀၀ ကျယ်ပါတယ်။ ဧပြီလ ၂၃ ရက်နေ့ စာရင်းအရ nucleric Test စစ်ပေးနိုင်တဲ့ ဓာတ်ခွဲခန်းနေ ရာ ၅၃ ခုရှိပါတယ်။ nucleric Test စစ်နိုင်တဲ့ နေရာ ၂၁၁ ခုရှိပါတယ်။ (swab ယူနိုင်တဲ့နေရာကို ပြောတာလား မရှင်းပါ)

အဲ့ဒီမှာ Wuchang နဲ့ Hankou ဒိစတြိတ်တွေ က အရေး အကြီးဆုံးပါ။ ပုံထဲမှာကြည့်ပါ။ ရောဂါစဖြစ်တယ်လို့ နာမည်ကြီးတဲ့ ပင်လယ်စာဈေးက Hankou မှာရှိပါတယ်။ လူတွေစွပ်စွဲနေတဲ့ နာမည်ကြီးဝူဟန်ဓာတ်ခွဲခန်းက Wuchang မှာ ရှိပါတယ်။

ဘယ်လို စစ်မှာလဲ⁉️ nucleic acid Test ရော serum antibody Test ပါလုပ်မှာတဲ့။ သဘောက ဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးသလို ရောဂါဖြစ်ပြီးလို့ ကိုယ်ခံအားရနေသူတွေ ဘယ်လောက် ရှိနေသလဲ တခါတည်း စစ်တမ်းကောက်ခြင်းပါ။ အဲ့ဒီ serum antibody test ကနေ လူဘယ်လောက်အထိတကယ် ကူးစက်ခဲ့သလဲ ဆိုတာရယ်၊ လူဘယ်နှစ်ယောက် က လုပ်ငန်းခွင်ဝင်ပေးလို့ ရနိုင်သလဲကို သိနိုင်ပါလိမ့်မယ်။

အခုစစ်မှာက အစိုးရကပေးမှာလား⁉️ ပြည်သူတွေကပေး ရမှာလား⁉️ မသိသေးပါ။ အခု ဟူဘေးအာဏာပိုင်တွေသတ်မှတ်တဲ့ ပေါက်ဈေးကတော့ nucleric acid Test က မြန်မာငွေ သုံးသောင်းခွဲ ကျော်ကျမယ်။ IgM/IgG antibody Test က မြန်မာငွေ တသောင်း လောက်ကျမယ်။ အရင်အစိုးရရဲ့ စာရင်းတွေအရ ဝူဟန်မှာ case ပေါင်း ၅၀၃၃၉ ရှိခဲ့ပြီးတော့ လူ ၃၈၀၀ ကျော်လောက်သေဆုံးခဲ့ပါတယ်တဲ့။

၁၀ ရက်အတွင်း ဘယ်လိုရအောင် စစ်မလဲ ဆိုတာရယ် ဘယ်လိုအဖြေထွက်လာမလဲဆိုတာ ကျနော်တို့တင်သာမက တကမ္ဘာလုံးက စိတ်ဝင်စားနေကြမယ်မဟုတ်လား။

Richard Myo Thant

Add a Comment

Your email address will not be published. Required fields are marked *

3 × one =