ဖြူးမြို့ Q စင်တာ မှာ ဖဲရိုက် နေတဲ့ ပြည်တော်ပြန် (၇) ဦးကို ဖမ်းဆီး

ဖြူးမြို့ Q စင်တာ မှာ ဖဲရိုက် နေတဲ့ ပြည်တော်ပြန် (၇) ဦးကို ဖမ်းဆီး

ဖြူးမြို့ အ-ထ-က ၁ Q စင်တာမှာ ဖဲရိုက်နေတဲ့ ပြည်တော် ပြန် ၇ ဦးကို ဖမ်းဆီး

ပဲခူးတိုင်း ဖြူးမြို့နယ် အမှတ် ၁ အခြေခံပညာ အထက်တန်း ကျောင်း Q စင်တာတွင် ဖဲရိုက်နေတဲ့ ပြည်တော်ပြန် ၇ ဦးကို အမှုဖွင့် လိုက်တယ်လို့ သိရပါတယ်။

ဇွန်လ ၆ ရက်နေ့ ည ၁၁ နာရီခွဲခန့်က ဖြူးမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း Q စင်တာတွင် ဖဲရိုက်လောင်းကစားပြုလုပ်နေကြ‌ကြောင်း သတင်းအရ နယ်‌မြေခံရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံမှပြန်လာပြီး Qu ဝင်နေသည့် အမျိုးသား ၇ ဦးကို ဖဲချပ် ၅၂ ချပ် လောင်း ကစားငွေ ကျပ် ၂ သိန်းကျော်ဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု ဖြူးမြို့မရဲစခန်းက ဆိုပါတယ်။

အဆိုပါ ၇ ဦးမှာ ကျန်တား ကူးမာရ်( ၃၄ နှစ်) ၊ ရဲဝင်းထွန်း(၂၀ နှစ်)၊ နိုင်ဇော်(၂၉ နှစ်) ၊ မာနိုပရာဆပ် (၂၃ နှစ်) ၊ အောင်ကိုကို(၂၅ နှစ်)၊ မင်းခိုင်(၃ဝနှစ်)၊ ချစ်စန်းမောင်(၁၉ နှစ်) တို့ဖြစ် ပါတယ်။

Q စင်တာမှာ ဖဲရိုက် လောင်းကစားလုပ်တဲ့ အမျိုးသား ၇ဦးအပေါ် ဖြူးမြို့မရဲစခန်းမှ(ပ)၁၃၀ /၂၀၂၀ လောင်းကစားအက်ဥပဒေပုဒ်မ ၁၅(က)ဖြင့်အမှု ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

crd : whitesone