တကယ် မဝယ်ဘဲ စျေးလာမေးနေသူတွေကို စိတ်မဆိုးတဲ့ အပြင် သီချင်းလေးဆိုပြလိုက်ပြီး ချစ်စရာအမူအရာလေး လုပ်ပြကာ ရယ်နေရတဲ့ ထက်ထက် ရဲ့ ဗီဒီယို

မင်းသမီးထက်ထက်မိုးဦးကတော့ ယနေ့အချိန်ထိအောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေ ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုရော ယောကျာ်းလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုပါ အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက် ရှိနေခဲ့တဲ့ သူမကတော့ အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးခဲ့ပြီး အနုပညာအလုပ်တွေကို အချိန်တစ်ခုကြာ လုပ်ကိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သူမကတော့ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ပြည်သူချစ်အနုပညာရှင် တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမကတော့ ယခုမှာ အာလူး လာမပေးနဲ့ လေတွေ နဲနဲလျော့ဆိုပြီး အသည်းယားစရာအပြုအမူလေးလုပ်ပြနေလို့ အနားမှာရှိတဲ့လူတွေတောင် အချစ်ပိုသွားခဲ့ရပါတယ်။

သူမကတော့ ” အာလူး လာမပေးနဲ့ လေတွေ နဲနဲလျော့ ချစ်ရသူတွေ ပျင်းနေမှာဆိုး လို့ သူများလာပို့ပေးတာ တင်ပေးလိုက်ပါတယ် “ဆိုပြီး အသည်းယားစရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်မျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဝါရင့်အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ သီချင်းလေးဆိုရင်း ချစ်စဖွယ် အမူအရာလေးလုပ်ပြနေတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။

Swelsone News

zawgyi




Swelsone News