ဒီနေ့မှာ ကျရောက်တဲ့ အသက်(၃၄) နှစ်ပြည့်မွေးနေ့ အတွက် ည(၁၂)နာရီ ကျော်ကတည်းက မွေးနေ့ စပရိုက် တိုက် တာခံလိုက်ရတဲ့ အေးမြတ်သူ

ဒီနေ့မှာ ကျရောက်တဲ့ အသက်(၃၄) နှစ်ပြည့်မွေးနေ့ အတွက် ည(၁၂)နာရီ ကျော်ကတည်းက မွေးနေ့ စပရိုက် တိုက် တာခံလိုက်ရတဲ့ အေးမြတ်သူ

ဒီနေ့လေးကတော့ ပြည်သူ ချစ်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အေးမြတ်သူရဲ့ မွေးနေ့ရက် မြတ်လေးပဲဖြစ်ပါတယ်။ သူမကိုတော့ (၁၉၈၆)ခုနှစ် ဇွန်လ (၈)ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဒီနေ့မှာတော့ အသက်(၃၄)နှစ်ပြည့်သွားခဲ့တာဖြစ်ပါတယ်။ အေးမြတ်သူကတော့ ချစ်စရာ ကောင်းတဲ့ အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့အသည်းကို လှုပ်ခတ်စေနိုင်သူတစ် ယောက် ဖြစ်ပြီး

သရုပ်ဆောင်တဲ့နေရာမှာလည်း ဟာကွက် မရှိအောင်သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ် တာကြောင့် အကောင်းဆုံး အကယ်ဒမီဆုကိုထိုက်ထိုက်တန်တန်နဲ့ ပိုင်ဆိုင်ရရှိထားပါ တယ်။ ဒီနေ့မှာကျရောက်တဲ့ သူမရဲ့မွေးနေ့အတွက် ည(၁၂)နာရီကျော်ကတည်းက မွေးနေ့စ ပရိုက်အနေနဲ့ သူမရဲ့ချစ်ရသူတွေက ကျင်းပပေး ခဲ့ပါတယ်။ သူမရဲ့မွေးနေ့လေး နဲ့ပတ်သက် ပြီးတော့လည်း အေးမြတ်သူက “ဒီနေ့ အသက်၃၄နှစ်ပြည့်ပါတယ်ရှင့်….. စိတ်ပျော်ရွှင် အောင် ဖန်တီးပေးတဲ့ ချစ်သူ နဲ့ ချစ်ရသူတွေ အားလုံးကို အရမ်း ချစ်ရပါသည်” ဆိုပြီး သူမ ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားခဲ့ပါတယ်။

အေးမြတ်သူရဲ့ အသက်(၃၄)နှစ်ပြည့်မွေးနေ့လေး အတွက် အနုပညာရှင်ညီအစ်ကိုမောင်နှမ တွေ နဲ့သူငယ်ချင်းတွေက မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးထားကြသလို သူမကိုချစ်တဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးထားကြပါတယ်။ ပရိသတ်ကြီး က လည်း အေးမြတ်သူ အတွက် မွေးနေ့ ဆုတောင်းစကားလေး ပြောပြခဲ့ပါဦးနော်…

Source:Aye Myat Thu

Add a Comment

Your email address will not be published. Required fields are marked *

seven + 9 =