ခရစ်စမတ် ဝတ်စုံလေးဝတ်ပြီး ငေးမောစရာ ကောင်းလာက်တဲ့ ပင်ကိုယ်အလှတရားတွေ နဲ့ ဖမ်းစားထားတဲ့ သွန်းဆက်

မင်းသမီးချော သွန်းဆက်က ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးပြီး အောင်မြင်မှုတွေ နဲ့အတူ ပရိသတ်တွေရဲ့ အချစ်တွေကိုရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ သွန်းဆက်ကတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပြီး စိတ်သဘောထားပြည့်ဝတဲ့သူဖြစ်တာကြောင့် ချစ်ခင်သူတွေပေါများနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တမူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေကိုပိုင်ဆိုင်ထားပြီး လုံးကြီးပေါက်လှ ကိုယ်လုံးလေး နဲ့ ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။

သွန်းဆက်က ဝတ်စားဆင်ယဥ်မှုမှာလည်း မြန်မာဆန်ဆန် ဖက်ရှင်လေးတွေအပြင် ခေတ်ပေါ် ဖက်ရှင်လေးတွေကို လိုက်ဖက်အောင် ဝတ်ဆင်တတ်တာ တွေ့ရပါတယ်။ လတ်တလောမှာလည်း သွန်းဆက်က သူမရဲ့ ပရိသတ်တွေအတွက် အလန်းစားပုံလေးတွေအပြင် အသည်းယားစရာ tik tok လေးတွေကို ဖော်ပြပေးပါတယ်။ ယခုမှာလည်း သွန်းဆက်က မြင်သူတိုင်း ငေးမောသွားလောက်မယ့် အလန်းစား ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာတော့ မကြာခင် ခရစ်စမတ်နေ့လေးကို ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် ခရစ်စမတ် ဝတ်စုံလေးဝတ်ဆင်ပြီး ပရိသတ်တွေ ချစ်အားပိုအောင် ဖမ်းစားထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ ပင်ကိုယ်အလှတရားတွေက ခရစ်စမတ်ဝတ်စုံလေးနဲ့ လိုက်ဖက်နေတာကို တွေ့ရပါတယ်။ ကဲ..ပရိသတ်တွေလည်း ဆွဲဆောင်မှုရှိရှိ ကြွေရက်စရာကောင်းနေတဲ့ သွန်းဆက်ရဲ့ အလန်းစားပုံလေးတွေကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

Photo Credit- Kyaw Myo Aung

zawgyi



