အကာအရံ များ ပြုလုပ် ထားသည့် အထူး အဝေးပြေး ကားများဖြင့် ပြေးဆွဲမှု စတင်

အကာအရံ များ ပြုလုပ် ထားသည့် အထူး အဝေးပြေး ကားများဖြင့် ပြေးဆွဲမှု စတင်

ကိုဗစ် ကာကွယ်ရေး အကာအရံများ ပြုလုပ် ထားသည့် အထူး အဝေးပြေးကားများဖြင့် ပြေးဆွဲမှု စတင်…

Covid-19 ကာကွယ်ရေး နှင့် ခရီးသွားများ ကျန်းမာရေး အတွက် ရန်ကုန်-မန္တလေး ခရီးစဉ်များပြေးဆွဲရာတွင် အကာအရံများပြုလုပ်ထားသည့် အထူးကားများဖြင့် ရွှေမန္တလာယာဉ်လိုင်းက ပထမဦးဆုံးပြုလုပ်ပြေးဆွဲနေပြီဖြစ်ကြာင်း အဆိုပါယာဉ်လိုင်း၏ တာဝန်ရှိသူ ဦးအောင်မြင့်ဆွေ ကပြောသည်။

အဆိုပါ အကာအရံများ ပြုလုပ်ပြေးဆွဲခြင်းကို ယခုလ ဇွန် ၆ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၂၅၀၀၀ ကျပ် သတ်မှတ်ထားကြောင်း၊ အကာအရံများပြုလုပ်ထားသည့် ယာဉ် ၄ စင်း ရှိဖြစ်ပြီး အခြားယာဉ်များကိုလည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

“အထူးကားအပြင် ရိုးရိုးကားတွေ မှာလည်း လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်သွား ဖို့ရှိပါတယ်။ ခရီးသည်တွေလည်း နှစ်သက်ကြ ပါတယ်။ Covid-19 နဲ့ ပတ်သက်ပြီး ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ဦးအောင်မြင့်ဆွေက ဆိုသည်။

crd : blacker