ရောဂါ ပျောက်စေချင် တာလား ပိုက်ဆံရှာ တာလား မသဲကွဲ တဲ့ မန္တလေးက mask ဖမ်းပွဲ

ရောဂါ ပျောက်စေချင် တာလား ပိုက်ဆံရှာ တာလား မသဲကွဲ တဲ့ မန္တလေးက mask ဖမ်းပွဲ

မြန်မာပြည်အနှံ့မှာတော့ mask ဖမ်းပွဲကြီးတွေ စတင်နေ ပါပြီ။ ထုံးစံအတိုင်း အသံမျိုးမျိုး ထွက်ပြီး တနေ့ တမျိုး မရိုးနိုင်တဲ့ ကိစ္စရပ်တွေလည်း ဖြစ်ပေါ်လာနေပါတယ်။ မင်္ဂလာတောင်ညွှန့်မှာ mask မတပ်တဲ့ လူတွေကို တရားရုံး အချုပ်ခန်းထဲ ၂ နာရီကျော် ထည့်ထားတဲ့ အဖြစ်လိုမျိုး ထူးထူး ဆန်းဆန်းတွေ ကြားနေရပါတယ်။ Mask လာစစ်မယ့်သူတွေ လာမှ တပ်ပြီး ပြန်သွားရင် ချက်ချင်း ချွတ်ပစ်တဲ့ ဈေးရောင်းနေတဲ့ အမကြီးတွေလည်း အများကြီးပါပဲ။

တကယ်တော့ mask မတပ်လို့ ဖမ်းတယ် ဆိုတာ မျဉ်းကြားက မကူးလို့ ဖမ်းတာနဲ့ ပုံသေတွက်လို့ မရပါဘူး။ အရင်တုန်းက လူကူးမျဉ်းကြားက မကူးလို့ ရဲက ဖမ်းသွားရင် တရားရုံးမှာ ဒဏ်ငွေဆောင်ပြီး ပြန်လွှတ်ရုံပါပဲ။ အခု mask မတပ်တဲ့သူတွေကို ဖမ်းလာရင် ပထမဦးဆုံးအနေနဲ့ သူတို့ကို ခပ်ခွာခွာ နေခိုင်း ရမှာပါ။

အဲဒီနောက် လိုအပ်တဲ့ အသိပညာပေးပြီး mask ပါ တခါထဲ ပေးလိုက်ရမှာပါ။ အခုတော့ အဲဒီလို မဟုတ်ဘဲ ကြုံသလိုဖမ်းနေကြတာ ရောဂါ ပညာပေး၊ ကာကွယ်ရေး ဘာတခုမှ မလုပ်ဘဲ ဒဏ်ကြေး ရရင်ပြီးရောဆိုတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ မန္တလေးမှာ ဒီနေ့ ဖြစ်သွားတဲ့ mask ဖမ်းပွဲရဲ့ အကျည်း တန်သာဓက တခုကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

မန္တလေး လမ်း ၈၀ ၂၉ လမ်းနားမှာ ကားမောင်း ရင်း mask မတပ်လို့ ဒဏ်ငွေ ၅၀၀၀ ဆောင်ခဲ့ရပါတယ်.. ဆေးရုံအဝတ်အစားဝတ်ထားပါတယ်.. ဆေးရုံသွားမယ့် ဆရာဝန်ပြောပီး ဆေးရုံထဲဝင်မှ တပ်မယ်ဆိုတာလဲမရပါဖူး..

ကားထဲမှာလဲ mask ပါပါတယ်.. သူတို့ အကြောင်းပြချက်က အထက်က ချထားတဲ့ စည်းကမ်းလို့ပြောပါတယ်.. ကျွန်တော်လဲပြောလိုက်ပါတယ် စားသောက်ဆိုင်တွေ အပြင်တွေမှာ မတပ်တဲ့သူတွေကို ဖမ်းနေတာ ပိုအဆင်ပြေလိမ့်မယ်..

တအိမ်ထဲ တူတူနေတဲ့ သူတွေနဲ့ တစ်ကားထဲ တူတူစီးပီး mask မတပ် တာက ကူးချင်ရင် အိမ်မှာ နေကတည်းက ကူးနေပီလို့ ရှင်းပြလိုက်တယ်.. ဒီမှာညီလေး ဒဏ်ငွေမဆောင်ချင်ရင် နာမည်ပြောခဲ့လိုက် ပြဿနာဖြစ်သွားမယ်တွေပါ ပါလာပါတယ်.. ထပ်ရှင်းပြလဲ နားလည်မှာမဟုတ်တဲ့ အတွက် ၅၀၀၀ ဆောင်ပီးပဲ ထွက် ခဲ့ပါတယ်။

Ye Thu Kyaw