တူညီတဲ့လမ်းကြောင်း တစ်ခုထဲကို ကိုယ်စီလျှောက်လှမ်းနေတဲ့ ပြည်သူချစ် အနုပညာညီအစ်မနှစ်ဦး

ပရိသတ်ကြီးရေ ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားပြီးတော့ ‌ပျော်ရွှင်ဖွယ် အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ပိုင်ဖြိုးသုကို သိကြမယ်ထင်ပါတယ်။ ရုပ်ရှင်ရိုက် ကူးရာတွင် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် သူမရဲ့ စိတ်ဓာတ်ဟာလည်း အတုယူအားကျစရာ ကောင်းလောက်ပါတယ်။ မင်းသမီး ပိုင်ဖြိုးသု ဟာ တော်လှန်ရေးအတွက် ကျရာတာဝန်ကို ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့်လဲတော်လှန်ရေးအတွက် ပါဝင်ကြဖို့နဲ့ သွေးမအေးကြစေဖို့ ပြည်သူတွေကို အစွမ်းကုန်တိုက် တွန်းနေတာလဲ ဖြစ်ပါတယ်။

တည်ငြိမ်ရင့်ကျက်တဲ့အလှပိုင်ရှင်တစ်ဦးဖြစ်ပြီး မြန်မာဝတ်စုံတွေကိုသာ အများဆုံး ဝတ်ဆင်လေ့ရှိတဲ့ မြန်မာမော်ဒယ်နဲ့သရုပ်ဆောင် မြနှင်းရည်လွင် ကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ကြခဲ့တာကြောင့် ပရိသတ်တွေက ပိုမိုချစ်ခင်ရပြန်ပါတယ်။ သူမကိုတော့ စစ်ကောင်စီမှ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားတာကြောင့် လက်ရှိမှာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။

လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ပြည်သူ့အချစ်တော် မြနှင်းရည်လွင် ကတော့ စစ်ကောင်စီကို တွန်းလှန်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ပရိသတ်ကြီးရေ ခံယူချက်ကိုယ်စီနဲ့ တူညီတဲ့လမ်းကြောင်းတစ်ခုထဲကို ကိုယ်စီလျှောက်လှမ်းနေတဲ့ အနုပညာညီအစ်မနှစ်ဦးကို အားပေးတဲ့ ပရိသတ်တွေရှိလား??? ကောမန့်မှာ ဖြေသွားပေးခဲ့ပါအုန်းနော်။

crd

zawgyi


