အဝါရောင် ဂါ၀န်တိုလေး ၀တ်ဆင်ပြီး ကျစ်လျစ်လှပတဲ့ ဘော်ဒီလေး နဲ့ ဆွဲဆောင်မှုရှိရှိလှနေတဲ့ ရွှေအိမ်စည်

ပရိသတ်ကြီးရေ အမိုက်စားဘော်ဒီကောက်ကြောင်းလေးနဲ့ တမူထူးခြားတဲ့ ရုပ်ရည်လေးကိုပိုင်ဆိုင်ထားပြီး Missတစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သတိထားမိလာကြတဲ့ ရွှေအိမ်စည်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာMissတစ်ယောက်အနေနဲ့လည်း အောင်မြင်မှုရရှိခဲ့ပြီး ယခုဆိုရင် မော်ဒယ်တစ်ယောက်အနေနဲ့ရော သရုပ်ဆောင် တစ်ယောက်အနေနဲ့ပါ ရပ်တည်နေပြီဖြစ်ပါတယ်။ ပွင့်လင်းရိုးသားစွာ နေထိုင်တတ်တဲ့ အိမ်စည်လေးကို ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါချစ်ခင်ကြတာပါ။

ရွှေအိမ်စည်ဟာ ဖက်ရှင်ပိုင်းမှာဆိုရင်လည်း သူမနဲ့ လိုက်ဖက်တဲ့ ထိမိနေတဲ့ဖက်ရှင်ဒီဇိုင်းတွေနဲ့အမြဲ မိုက်နေလေ့ရှိသူတစ်ယောက်ပါနော်။ အိမ်စည်ဟာ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်‌ကိုင်လာတာဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေအပြင် ဇာတ်လမ်းတွဲတွေအထိပါ ရိုက်ကူးနေပြီဖြစ်ပါတယ်။ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းဟာလည်း မိန်းကလေး ချင်းပါ အားကျရတဲ့ အမိုက်စားဘော်ဒီလေးဖြစ်ပါတယ်နော်။

ရွှေအိမ်စည်ဟာ မကြာခဏဆိုသလိုလည်း သူမရဲ့ ခပ်မိုက်မိုက် ပုံလေးတွေကိုတင်ပေးတတ်ပါတယ်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ “The heart wants what it wants…..” ဆိုတဲ့ captionလေးနဲ့ အဝါရောင်ဂါ၀န်လေးနဲ့ အပြတ်လန်းနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ……ပရိသတ်တွေအ‌တွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Shwe Eain Si’s Facebook acc

zawgyi



