ကမ္ဘောဇ ဘဏ် သူဌေးကြီး ဦးအောင်ကိုဝင်း ရဲ့ မိခင်ဖြစ်သူ ကွယ်လွန်

ကမ္ဘောဇ ဘဏ် သူဌေးကြီး ဦးအောင်ကိုဝင်း ရဲ့ မိခင်ဖြစ်သူ ကွယ်လွန်

ယခု သတင်းကို ( Kyaw Thu ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက် ခြင်း ဖြစ်ပါသည်

ကမ္ဘောဇဘဏ်လီမိတက် ၊ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း . KBZ Group နာယကကြီး သရေစည်သူ ဦးအောင်ကိုဝင်း + ဒေါ်နန်းသန်းထွေးတို့၏ မိခင်ကြီး၊ ဒေါ်နန်းလိုင်းခမ်း၊

ဒေါ်နန်းခမ်းနောင့် နှင့် ဒေါ်နန်းမိုဟွမ်းတို့၏ အဘွား ဖြစ်သူ ဒေါ်သိန်းတင် အသက်(၈၈)နှစ် သည် ၇.၆. ၂၀၂၀(တနင်္ဂနွေနေ့)၊ ညနေ(၅:၄၀)နာရီ တွင် ရွှေဂုံတိုင်အထူးကုဆေးရုံကြီး (SSC)တွင် ကွယ်လွန်သွားခဲ့ပါသည်

ထို့ကြောင့် ကွယ်လွန်သူ ဒေါ်သိန်းတင်(မန္တလေး) အသက်(၈၈)နှစ်၏ ရုပ်ခန္ဓာ အား ယနေ့ နံနက် (၅:၃၀) အချိန်တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ၊ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို ၊ စွမ်းထက် ၊

ရွှေပိုးအိမ် တို့နှင့်အတူ အသင်းသား၊ အသင်းသူများက အထူး နိဗ္ဗာန်ယာဉ်ဖြင့် သွားရောက်ကာ ရွှေဂုံတိုင်အထူးကုဆေးရုံကြီး (SSC) မှ ရေဝေးသုသာန်သို့ ပို့ဆောင်၍ ဖေးမကူညီခဲ့ကြသည်။

နံနက်(၈:၀၀)နာရီအချိန်တွင် ရေဝေးသုသာန်တွင်မီးသင်္ဂြိုလ်မှု အားဆောင်ရွက်ခဲ့ပါသည်။

Kyaw Thu

Add a Comment

Your email address will not be published. Required fields are marked *

17 + 13 =