အဝေးတနေရာကနေ ချစ်ရတဲ့မိဘတွေကို ကန်တော့လိုက်တဲ့ ပြည်သူ့အချစ်တော်အဆိုတော် “R ဇာနည်”

ပရိသတ်ကြီးရေ… အဆိုတော် R ဇာနည် ကတော့ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို တစ်ခဲနက်ရရှိထားတဲ့ ဝါရင့်အဆိုတော်ကြီးတစ်ဦး ဖြစ်ပါတယ်။ R ဇာနည် ဟာ MRTV-4 ကနေ စီစဥ်တင်ဆက်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ကျားပေါက်၊နီနီခင်ဇော်၊ရန်ရန်ချမ်း တို့နဲအတူပါဝင် အကဲဖြတ်ဒိုင် တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသေးတယ်။

ကို Rကြီးကတော့ အဆိုကောင်းတဲ့အပြင် အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ချစ်ဇနီးလေးနဲ့အတူ တည်ထောင်ထားတာပဲ ဖြစ်ပါတယ်။ အဆိုတော် R ဇာနည် ကတော့ ဖေဖော်ဝါရီလကတည်းက ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ နေပူမရှောင်မိုးရွာမရှောင် လမ်းမပေါ်ထွက်ဆန္ဒပြခဲ့ပြီး အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တာကြောင့် အားလုံးက‌လေးစားခဲ့ရပါတယ်။

လက်ရှိမှာတော့ ပြည့်သူ့အချစ်တော် R ဇာနည် ဟာ ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံ ထားရတာကြောင့် တိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။ ဒါကြောင့်လဲ မိဘတွေနဲ့ဝေးတဲ့ ဘေးကင်းရာကိုရှောင်ရင်း တော်လှန်ရေးအတွက် ကျရာတာဝန်ကို ဆက်လက်ထမ်းဆောင်နေတာပါ။ အဆိုတော် R ဇာနည် ကတော့ သီတင်းကျွတ်အချိန်အခါမှာ မိဘတွေကို အဝေးကနေပဲ ကန်တော့လိုက်ပါတယ်။ ပြည်သူ့အချစ်တော် R ဇာနည် တစ်ယောက်လဲ မိသားစုနဲ့အမြန်ဆုံးပြန်လည် တွေ့ဆုံနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

crd

zawgyi

ပရိသတ္ႀကီးေရ… အဆိုေတာ္ R ဇာနည္ ကေတာ့ အသံပါဝါေကာင္းေကာင္းကို ပိုင္ဆိုင္ထားၿပီးေတာ့ ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈ႕ကို တစ္ခဲနက္ရရွိထားတဲ့ ဝါရင့္အဆိုေတာ္ႀကီးတစ္ဦး ျဖစ္ပါတယ္။ R ဇာနည္ ဟာ MRTV-4 ကေန စီစဥ္တင္ဆက္တဲ့ The Voice Myanmar သီခ်င္းဆိုၿပိဳင္ပြဲမွာ က်ားေပါက္၊နီနီခင္ေဇာ္၊ရန္ရန္ခ်မ္း တို႔နဲအတူပါဝင္ အကဲျဖတ္ဒိုင္ တစ္ဦးအျဖစ္ ပါဝင္ခဲ့ပါေသးတယ္။

ကို Rႀကီးကေတာ့ အဆိုေကာင္းတဲ့အျပင္ ေအာင္ျမင္ေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးကို ခ်စ္ဇနီးေလးနဲ႔အတူ တည္ေထာင္ထားတာပဲ ျဖစ္ပါတယ္။ အဆိုေတာ္ R ဇာနည္ ကေတာ့ ေဖေဖာ္ဝါရီလကတည္းက ျပည္သူေတြနဲ႔အတူ ရပ္တည္ခဲ့တဲ့အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ျပည္သူေတြနဲ႔အတူ ေနပူမေရွာင္မိုး႐ြာမေရွာင္ လမ္းမေပၚထြက္ဆႏၵျပခဲ့ၿပီး အမွန္တရားအတြက္ တိုက္ပြဲဝင္ခဲ့တာေၾကာင့္ အားလုံးက‌ေလးစားခဲ့ရပါတယ္။

လက္ရွိမွာေတာ့ ျပည့္သူ႔အခ်စ္ေတာ္ R ဇာနည္ ဟာ ပုဒ္မ ၅၀၅ ကနဲ႔ တရားစြဲဆိုခံ ထားရတာေၾကာင့္ တိမ္းေရွာင္ေနရတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္လဲ မိဘေတြနဲ႔ေဝးတဲ့ ေဘးကင္းရာကိုေရွာင္ရင္း ေတာ္လွန္ေရးအတြက္ က်ရာတာဝန္ကို ဆက္လက္ထမ္းေဆာင္ေနတာပါ။ အဆိုေတာ္ R ဇာနည္ ကေတာ့ သီတင္းကြၽတ္အခ်ိန္အခါမွာ မိဘေတြကို အေဝးကေနပဲ ကန္ေတာ့လိုက္ပါတယ္။ ျပည္သူ႔အခ်စ္ေတာ္ R ဇာနည္ တစ္ေယာက္လဲ မိသားစုနဲ႔အျမန္ဆုံးျပန္လည္ ေတြ႕ဆုံႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။