(၁၀) တန်းအောင်စာရင်း များ အစောဆုံး သြဂုတ်လ မှသာ ထွက်ရှိနိုင်မည်

(၁၀) တန်းအောင်စာရင်း များ အစောဆုံး သြဂုတ်လ မှသာ ထွက်ရှိနိုင်မည်

တက္ကသိုလ်ဝင်တန်း အောင်စာရင်းအနေနဲ့ အစောဆုံး ဩဂုတ်လအတွင်းမှသာ ထွက်ရှိနိုင်မယ်လို့ အခြေခံပညာ ဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေ တဲ့ ဇူလိုင်လ အတွင်းတက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေထွက်ဖို့ရှိတယ်ဆိုတာတွေက ကောလဟာလသာဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၂၀ ဇွန်လပထမအပတ်မှာမှ အဖြေလွှာတွေ စစစ်ရတာဖြစ်လို့ အစောဆုံး ဩဂုတ်လလောက်မှ အောင်စာရင်း ထွက် နိုင်မယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်မယ့် ရက်အတိအကျ ကိုတော့ ပညာရေးဝန်ကြီးဌာန အနေနဲ့ ထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။

တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေကို နှစ်စဉ်ဧပြီလထဲမှာ စတင် စစ်ဆေးလေ့ရှိပေမယ့် အခုနှစ်မှာတော့ ကိုဗစ်ကြောင့် ဇွန်လ ၅ ရက်နေ့မှသာ အဖြေလွှာတွေ စစစ်ခဲ့တာဖြစ်လို့ အောင်စာရင်းထွက်ချိန် နောက်ကျနေတာ ဖြစ်ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

four × 3 =