ရန်ကုန်တိုင်း မှာ နောက် (၃) ရက်အတွင်း မီးပြတ်မည့် အချိန် နှင့် မြို့နယ်များ ထုတ်ပြန်

ရန်ကုန်တိုင်း မှာ နောက် (၃) ရက်အတွင်း မီးပြတ်မည့် အချိန် နှင့် မြို့နယ်များ ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး မှာ နောက် (၃) ရက်အတွင်း မီးပြတ်မည့် အချိန် နှင့် မြို့နယ်များ ထုတ်ပြန်…

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် (၆၆)ကေဗွီ ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ၊ ရေရှည်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အား မနိုင်တော့သော (၁၁)ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများ နှင့်

ဓာတ်အားပြတ် တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို (၉-၆-၂၀၂၀)ရက် (အင်္ဂါနေ့) နှင့် (၁၁-၆-၂၀၂၀)ရက် (ကြာသပတေးနေ့)များတွင် နံနက် (၀၉:၀၀)နာရီ မှ နေ့လည် (၁၂:၀၀)နာရီ အချိန်အထိ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

လုပ်ငန်းဆောင်ရွက်စဉ် အချိန် အတွင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဉက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြိုသစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဗိုလ်တစ်ထောင်၊ တောင်ဉက္ကလာပ၊ ရန်ကင်း၊ ဒေါပုံ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သာကေတ၊ ပုဇွန်တောင်၊ ရွှေပေါက္ကံ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ လှိုင်၊ အလုံ၊ မရမ်းကုန်း၊ လမ်းမတော်၊ စမ်းချောင်း၊ ကော့မှူး၊ ကျိုက်ထော်၊ သုံးခွ၊ ခရမ်း၊ ဒလ၊ တံတား၊ လက်ခုပ်ကုန်း၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ပန်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ ထန်းတစ်ပင်၊ လှည်းကူး၊ ဒါးပိန်၊ အင်းတိုင်၊ ဖောင်ကြီး၊ မြောင်းတကာ၊ ဉက္ကံ၊ မှော်ဘီ၊ တိုက်ကြီး၊ အဖျောက်မြို့နယ်များရှိ ရပ်ကွက် အချို့အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ် ရှိနိုင်ပါသည်။

ထိုသို့ လုပ်ငန်းဆောင်ရွက် ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရခြင်းဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်မှုများအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းမှ အသိပေးပန်ကြားထားသည်ဟု သိရပါသည်။

YESC

Add a Comment

Your email address will not be published. Required fields are marked *

eight − 5 =