ဂျွန်လွင် ရဲ့ ကြားဝင်ဖျန်ဖြေမှုကြောင့် စေ့စပ်ညှိနှိုင်း ခဲ့ကြတဲ့ နေဒွေး နဲ့ သံစဉ်မောင်

ဂျွန်လွင် ရဲ့ ကြားဝင်ဖျန်ဖြေမှုကြောင့် စေ့စပ်ညှိနှိုင်း ခဲ့ကြတဲ့ နေဒွေး နဲ့ သံစဉ်မောင်

ပြည်သူအချစ်တော် အနုပညာရှင်တွေဖြစ်တဲ့ နေဒွေးနဲ့သံစဉ်မောင်တို့ကတော့ (၂၀၂၀) ခုနှစ် ဇန်နဝါရီလလယ်လောက်ကစပြီး လူမှုရေးပြဿနာတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး သူတို့ရဲ့အတွင်းရေးပြဿနာတချို့ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။ ဘယ်သူမှန်တယ် ဘယ်သူ မှားတယ် ဆုံးဖြတ်လို့ မရသေးခင်မှာပဲ နှစ်ဖက်ပရိသတ်တွေ ရဲ့ အချင်းချင်းတိုက်ခိုက် မှု တို့ကြောင့် ပြဿနာက ပိုပြီးကြီးထွားလာခဲ့တယ်လို့ ဆိုရမှာပါ။

နေဒွေးနဲ့ သံစဉ်မောင် တို့နှစ်ဦးကတော့ သုံးနှစ်လောက် ချစ်ကြိုက်ခဲ့ကြသူတွေဖြစ်ပေမယ့် ပိုမိုကြီးထွားလာတဲ့ပြဿနာတချို့ကြောင့် သံစဉ်မောင်ကတော့ နေဒွေးကို အပြင်းအထန်နာ ကျင် စေမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ နှစ်ဦးစလုံးရဲ့ဆရာသမား ဖြစ်တဲ့ ဂျွန်လွင်ကတော့ အနုပညာသည်အချင်းချင်း

ရန်ဘက်တွေလို ဖြစ်မနေစေ ဖို့ ကြားဝင်စေ့စပ် ပေးခဲ့ပြီး မီဒီယာရှေ့မှောက်မှာ ဖြေရှင်းစေခဲ့ ပါတယ်။ မှားခဲ့တဲ့အပြစ်တွေအတွက် နေဒွေးက သံစဉ်မောင်ကို တောင်းပန်ခဲ့ပေမယ့် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ သံစဉ်မောင်ကတော့ ဒီပြဿနာကြီးက သူ့တစ်ဘဝလုံး အရိပ်ဆိုးကြီးလို ဖြစ်သွားမယ့် အကြောင်း စိတ်မကောင်းစွာ ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် မေတ္တာတရားနဲ့ ခွင့်လွှတ် လိုက်တာက ဘဝအေးချမ်းဖို့အတွက် အကောင်းဆုံး ဖြေရှင်းနည်းဖြစ်တာမို့ သံစဉ်မောင်ကတော့ ခွင့်လွှတ်ပေး ပါတယ်ဆိုတဲ့ အကြောင်း မီဒီယာ ရှေ့မှောက်မှာ ဖွင့်ဟခဲ့ပါတယ် ပရိသတ်ကြီးရေ.. ဘယ်သူမှားမှား မှန်မှန် အချင်းချင်းမေ တ္တာတရားနဲ့ ခွင့်လွှတ်ပြီး ငြိမ်းချမ်းရေးရသွားကြပြီမို့ အမာခံ ပရိသတ်အချင်းချင်းလည်း မတိုက်ခိုက်ဘဲ မေတ္တာထားကြဖို့ တိုက်တွန်းလိုက် ပါတယ်နော်။

Source – Exclusive on Cele Gabar
Rainbow- Cele Gabar,Reference&Credit:Celegabar.com

Add a Comment

Your email address will not be published. Required fields are marked *

3 × four =