အိပ်ယာ ထက် မှာ ပိုစ့်ပေး ဓာတ်ဖမ်း နေတဲ့ ဆောင်းယွန်းစံ
ချစ်ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ အကယ်ဒမီ စင်မြင့်ထက်မှာ ရွှေကြိုမယ်လေးအဖြစ်ပါဝင် ကူညီ အားဖြည့်ရင်း အနုပညာလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းခဲ့ကာ ပရိသတ်အချစ်တွေကို အပြည့်အဝရရှိထားတဲ့ သူလည်း ဖြစ်ပါတယ်။ သူမက အချိုးအစားပြေပြစ်လှပတဲ့ ကိုယ် ခန္ဓာလေး ကို ပိုင်ဆိုင် ထားပြီး လိုက်ဖက်ညီတဲ့ ဝတ်စုံလေးတွေ ကိုလည်း ရွေးချယ်ဝတ်ဆင်တတ်တာကြောင့် အမြဲ ကြည့်ကောင်းနေသူလေးပါနော်။
ဆောင်းယွန်းစံရဲ့ ချစ်စရာကောင်းတဲ့ စကားပြောဟန်လေးတွေ နဲ့ သွက်လက်တဲ့ အပြုအမူလေးတွေ ကြောင့်လည်း သူမကို ပရိသတ်တွေက အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆောင်းယွန်းက ကပ်ရောဂါကြောင့် ရပ်ဆိုင်းထားရတဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ကိုင်နေပြီး လှုပ်ရှားမှု ပုံရိပ်တိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ ရှိနေတာပါနော်။ ယနေ့မှာတော့ မင်းသမီးချောလေး ဆောင်းယွန်းစံက ပုံရိပ် အလှလေးတွေနဲ့ ပုရိသပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီနော်။
ဆောင်းယွန်းစံက ချစ်စရာကောင်းတဲ့ ကြိုးတစ်ချောင်း အကျႌလေးကို ဝတ်ဆင်ပြီး အိပ်ယာထက်မှာ ပိုစ့်ပေး ဓာတ်ဖမ်းနေတာပဲဖြစ်ပါတယ်။ ဆောင်းယွန်းရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိလှနေတဲ့ အပြင် ” မနက်ခင်းလေးမှာ နိုးလာတယ် အရင်ဆုံးမင်းကို လွမ်းလာတယ်.. ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည် တင်ဆက်ပေး လိုက်ပါတယ်နော်။ ကဲ ပရိသတ်တွေလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်။
Source – Saung Yoon San’s FB account
zawgyi