နောက်ထပ် အိမ်ထောင်ပြု/မပြု ဆိုတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ပရိသတ်ကိုပြောပြခဲ့တဲ့ “ချမ်းမီမီကို”

Posted on

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်ချမ်းမီမီကိုက နောက်ထပ် အိမ်ထောင်ပြုဖို့ အစီအစဥ် ရှိ/မရှိ ဆိုတာကိုအရင်တချိန်က အင်တာဗျူး တစ်ခုမှာ အခုလို ပြောပြခဲ့ပါတယ်နော်။ သရုပ်ဆောင် ချမ်းမီမီကိုက ချမ်းမီက စကားကိုတော့ အကုန်မပြောချင်ဘူး၊ ကိုယ်ကလည်း ထပ်ပြီးတော့ အိမ်ထောင်မပြုချင်ဘူး၊ ကိုယ့်သားကိုပဲ အချိန်ပေးမယ်ဆိုပြီး ပြောလိုက်ပေမယ့် စကားကျွံရင် နှုတ်လို့မရတာတွေ ရှိတယ်၊ နောင်တချိန် ကံစပ်လို့ တခုခုဖြစ်သွားခဲ့ရင် ဆိုတာလည်း ရှိတယ် ။

ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအပိုင်းကို ပံ့ပိုးပေးမယ်၊ အဲ့လိုမျိုးလေးတော့ စဉ်းစားထားပါတယ်၊ ကိုယ့်ကလေးကိုလည်း အရမ်းဖြစ်ရမယ် ဆိုတဲ့ ဇော မရှိပါဘူး၊ ကိုယ်နိုင်သလောက်လေးပဲ ဖြည့်ဆည်း ပေးရမှာပေါ့ ။ အခုအချိန်မှာတော့ အိမ်ထောင်ရေးကို စိတ်မဝင်စားသေးဘူး၊ အလုပ် လုပ်မယ်၊ တချို့ အမျိုးသမီးတွေလည်း ဘယ်အိမ်ထောင်ပြုချင်ပါ့မလဲ၊ ကံအကြောင်းတရားတွေ ဖူးစာကံ ဆိုတာ ဘယ်ပြောလို့ ရမလဲ၊ ဖြစ်ချိန်တန်ရင် ဖြစ်တယ်ဆိုတာ ရှိကြတော့ ပြောလို့ မရဘူး၊

ကိုယ့်ကလေး အတွက်ကို နှလုံးသားထဲမှာ ကိန်းပြီး စဉ်းစားသွားမယ် ဆိုပြီးပြောပြလာခဲ့ပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်နော်။

crd

zawgyi


