ကမ္ဘာတစ်ဝှမ်း မှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၄၀၀,၀၀၀) ထိရှိသွားပြီး ကမ္ဘာမှာ လူအသေ အပျောက်အများဆုံး ကူးစက်ရောဂါအဖြစ် ကိုဗစ် စာရင်းဝင်သွား
|ကမ္ဘာတစ်ဝှမ်း မှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၄၀၀,၀၀၀) ထိရှိသွားပြီး ကမ္ဘာမှာ လူအသေ အပျောက်အများဆုံး ကူးစက်ရောဂါအဖြစ် ကိုဗစ် စာရင်းဝင်သွား
သေဆုံးမှု စာရင်းဟာ ၄၀၀,၀၀၀ လို့ဆိုပေ မယ့် လက်တွေ့ မှာ ယခုစာရင်း ထက်အများကြီး မြင့်တက်နိုင်
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ကမ္ဘာတစ်ဝှမ်း မှာ သေဆုံးသူ ၄၀၀,၀၀၀ ထိရှိသွားပြီဖြစ် ကာ ဘရာဇီးလ် နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ကူးစက် အတည်ပြုနှုန်း ဟာ ကိုရိုနာဗိုင်းရပ်စ် outbreak ဖြစ်မှု မြင့်တက်နေ တယ် ဆိုတာ ကို ပြသေ နကြောင်း ရိုက်တာ သတင်းဌာန ရဲ့ သတင်း အချက် အလက်တွေအရ သိရ ပါ တယ်။
ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှုအားလုံး ရဲ့ ၄ ပုံတစ်ပုံဟာ အမေရိကန် ပြည်ထောင်စု မှာ ဖြစ်ပွားနေတာဖြစ်ပေမယ့် လက်ရှိ ကာလ ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းကတော့ တောင်အမေရိကနိုင်ငံတွေမှာ အမြင့်ဆုံးဖြစ် ပါတယ် ။
ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက် ခဲ့တဲ့ ၅ လအတွင်း ကိုဗစ် ၁၉ ကြောင့် သေဆုံးသူ အရေအတွက် ဟာ နှစ်စဉ် ငှက်ဖျားရောဂါကြောင့် သေဆုံးသူနှုန်းပမာဏရှိသွဦးပြီဖြစ်ကာ ကမ္ဘာပေါ် မှာ လူ အသေအပျောက် အများဆုံး ကူးစက်ရောဂါဖြစ်လာခဲ့ပြီဖြ စ်ပါတယ် ။
တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၇ သန်းထိရောက် ရှိဖို့ ချဉ်းကပ်လာချိန်နေ အမေရိကန်ပြည်ထောင်စုတစ်ခုတည်း ကူးစက်သူ ၃၀ ရာခိုင်နှုန်း (သို့မဟုတ်) ၂ သန်းထိ မြင့်တက်လာခဲ့ပါတယ်။
အမေရိကန်ဟာ လက်ရှိမှာအသားအရောင်ခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲ တွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာကြောင့် ဗိုင်းရပ်စ် ကူးစက်မှုပမာဏ အများကြီးမြင့်တက်လာဖို့ရှိနေကြောင်းနဲ့ နယူးယောက်မြို့တစ်ခုတည်းတင် ၇၅ ရာခိုင်နှုန်းလောက် ရှိနေပြီဖြစ်နိုင်တယ်လို့ မနေ့က နယူးယောက်တိုင်းမ်းသတင်းတစ်ပုဒ်မှာ ခန့်မှန်းရေးသား ထားပါတယ်။
လက်တင်အမေရိကနိုင်ငံတွေကတော့ ဗိုင်းရပ်စ် ကူးစက်မှု outbreak ဖြစ်ပွားနေပြီး ကူးစက်မှုအားလုံး ရဲ့ ၁၅ ရာခိုင်နှုန်းထိ ရှိနေတာပါ။
ဗိုင်းရပ်စ်ကြောင့် ပထမဆုံးေ သဆုံးမှု ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စတင်ဖြစ်ပွား ခဲ့ပေမယ့် ဧပြီလကုန်မှ သေဆုံးသူ ၁၀၀,၀၀၀ ပြည့်ခဲ့တာဖြစ်ပေမယ့် သေဆုံးသူ ၃၀၀,၀၀၀ ကနေ ၄၀၀,၀၀၀ ပြည့်ဖို့အတွက်တော့ ၂၄ ရက်သာ ကြာမြင့်ခဲ့ပါတယ်။
ကမ္ဘာမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံးက အမေရိကန်ပြည်ထောင်စုမှာဖြစ်ပြီး ယနေ့အထိ ၁၁၀,၀၀၀ ကျော်သေဆုံး ထားပါတယ်။ ဘရာဇီးလ်နိုင်ငံကတော့ လက်ရှိမှာ အသေအပျောက်အများဆုံးကာလကို ဖြတ်သန်းနေရပြီး တစ်မိနစ်ကို တစ်ယောက်နှုန်းလောက် ကိုဗစ်ကြောင့် သေဆုံးနေရကာ မကြာခင်မှာ ဒုတိယအများဆုံးသေဆုံးထားတဲ့ ဗြိတိန်နိုင်ငံကို ဖြတ်ကျော်သွားဖို့ ရှိနေပါတယ်။
သေဆုံးမှုစာရင်းဟာ ၄၀၀,၀၀၀ လို့ဆိုပေမယ့် လက်တွေ့မှာ ယခုစာရင်းထက်အများကြီး မြင့်တက်နိုင်ကြောင်း နဲ့ အထူးသဖြင့် နိုင်ငံတွေရဲ့ ကိုဗစ် ကူးစက်မှုရှိ၊ မရှိ စမ်းသပ်စစ်ဆေးနိုင်မှု မလုံလောက်တာနဲ့ အချို့တိုင်းပြည်တွေမှာ ဆေးရုံမရောက်ပဲ သေဆုံးသူတွေကို ကိုဗစ်ကြောင့် သေဆုံးတယ်လို့ ထည့်မတွက်တာကြောင့် ဖြစ်ကြောင်း သိရပါတယ်။
ပန္ပန်/Myanmar Harp
ကိုးကား/ ရိုက္တာ