“အခုခ်ိန္ မွာ ကေလးေတြ ပညာေရး ထက္ ေရာဂါေပ်ာက္ ဖို႕ကို ပဲ ဦးစားေပး လုပ္ေဆာင္ သင့္တယ္ ဆိုျပီး ဒဲ့ေျပာ လုိက္တဲ့ “စည္သူလြင္”

ျမန္မာႏိုင္ငံရဲ႕ နာမည္ေက်ာ္ အဆိုေတာ္ တစ္လက္ျဖစ္ တဲ့ စည္သူလြင္ နဲ႔ ပရိသတ္ေတြကို အထူးတလည္ မိတ္ဆက္ေပးဖို႔မလိုေလာက္ဘူးထင္ပါတယ္။ စည္သူလြင္ကေတာ့ အသံပါဝါ အားေကာင္းၿပီး ေအာင္ျမင္မႈ ကို ဆက္လက္ ထိန္းထားႏိုင္တဲ့ အဆိုေတာ္ တစ္လက္ပဲျဖစ္ပါတယ္။ သူရဲ႕သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ ” အၿမဲတမ္းပဲမင္း” သီခ်င္း ကေတာ့ ပရိသတ္ေတြၾကားမွာ ႐ိုးမသြား တဲ့ သီခ်င္းတစ္ပုဒ္ဆိုလည္း မမွားေလာက္ပါဘူးေနာ္။

ဒီေန႔မွာဆိုရင္ေတာ့ စည္သူလြင္က”ေက်ာင္းေတြျပန္ဖြင့္ ဖို႔ စီစဥ္ေနတယ္ၾကားတယ္။ရင္ေမာစရာပဲ။ ဘယ္မိဘမွကိုယ့္ကေလးကို Save မျဖစ္ပဲနဲ႔မလႊတ္ခ်င္ၾကပါဘူး။ က်န္းမာေရးကအေရးႀကီးဆုံးပါ။ကြၽန္ေတာ္တို႔တုန္းက အေရးအခင္းေၾကာင့္( ၃ )ႏွစ္ေစာင့္ခဲ့ရတယ္။ ဒါေပမဲ့အဲ့ဒီGeneration ေတြသူမ်ားထက္ေနာက္ က်က်န္မေနခဲ့ပါဘူး။ မျဖစ္မေနလုပ္ရမယ့္စီးပြားေရးနဲ႔ တျခားကိစၥေတြကိုပဲ အရင္ဖြင့္ၿပီးစမ္းၾကည့္ေစ ခ်င္တယ္။ကေလးေတြကအစမ္းသပ္ခံေတြမဟုတ္ဘူး။

Online ကေနသင္တယ္ ဆိုတာ ကလဲကေလးေတြ အျပည့္အဝ အာ႐ုံ မစိုက္ႏိုင္ ပဲေက်ာင္းမွာသင္တာ ရဲ႕တစ္ဝက္ေလာက္ေတာင္ အက်ိဳးမရွိဘူးလို႔ နားလည္မိတယ္ ။ေက်ာင္းေတြကသူတို ႔ရဲ႕လုပ္ငန္းလည္ ပတ္ႏိုင္ဖို႔၊ လခရဖို႔အတြက္ ပဲအဓိကျဖစ္ေနတာပါ။

ျဖစ္သင့္ျဖစ္ထိုက္တာ၊လုပ္သင့္လုပ္ထိုက္တာေတြ ကို ပဲဦးစားေပး လုပ္ေဆာင္ရမွာပါ။ မိဘတစ္ေယာက္အေ နနဲ႔လုံးဝ လက္မခံႏိုင္ပါဘူး” လို႔ဆိုကာ ကေလးေက်ာင္း ပညာေရးေတြနဲ႔ပတ္သက္ၿပီး လူမႈကြန္ယက္ စာမ်က္ႏွာမွာေရးသားေဖာ္ျပ ခဲ့တာ ကို ျပန္လည္ၿပီးမွ်ေဝေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ႀကီး ကလည္း စည္သူလြင္ရဲ႕ ေျပာခဲ့တဲ့ အေၾကာင္း အရာေလးေတြ ကို လက္ခံၾကမယ္လို႔ထင္ပါတယ္။

Soure…. Si Thu Lwin’s Facebook
Angella(CeleConnections)

unicode

မြန်မာနိုင်ငံရဲ့ နာမည်ကျော် အဆိုတော် တစ်လက်ဖြစ် တဲ့ စည်သူလွင် နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ စည်သူလွင်ကတော့ အသံပါဝါ အားကောင်းပြီး အောင်မြင်မှု ကို ဆက်လက် ထိန်းထားနိုင်တဲ့ အဆိုတော် တစ်လက်ပဲဖြစ်ပါတယ်။ သူရဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ ” အမြဲတမ်းပဲမင်း” သီချင်း ကတော့ ပရိသတ်တွေကြားမှာ ရိုးမသွား တဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားလောက်ပါဘူးနော်။

ဒီနေ့မှာဆိုရင်တော့ စည်သူလွင်က”ကျောင်းတွေပြန်ဖွင့် ဖို့ စီစဉ်နေတယ်ကြားတယ်။ရင်မောစရာပဲ။ ဘယ်မိဘမှကိုယ့်ကလေးကို Save မဖြစ်ပဲနဲ့မလွှတ်ချင်ကြပါဘူး။ ကျန်းမာရေးကအရေးကြီးဆုံးပါ။ကျွန်တော်တို့တုန်းက အရေးအခင်းကြောင့်( ၃ )နှစ်စောင့်ခဲ့ရတယ်။ ဒါပေမဲ့အဲ့ဒီGeneration တွေသူများထက်နောက် ကျကျန်မနေခဲ့ပါဘူး။ မဖြစ်မနေလုပ်ရမယ့်စီးပွားရေးနဲ့ တခြားကိစ္စတွေကိုပဲ အရင်ဖွင့်ပြီးစမ်းကြည့်စေ ချင်တယ်။ကလေးတွေကအစမ်းသပ်ခံတွေမဟုတ်ဘူး။

Online ကနေသင်တယ် ဆိုတာ ကလဲကလေးတွေ အပြည့်အဝ အာရုံ မစိုက်နိုင် ပဲကျောင်းမှာသင်တာ ရဲ့တစ်ဝက်လောက်တောင် အကျိုးမရှိဘူးလို့ နားလည်မိတယ် ။ကျောင်းတွေကသူတို့ရဲ့လုပ်ငန်းလည် ပတ်နိုင်ဖို့၊ လခရဖို့အတွက် ပဲအဓိကဖြစ်နေတာပါ။

ဖြစ်သင့်ဖြစ်ထိုက်တာ၊လုပ်သင့်လုပ်ထိုက်တာတွေ ကို ပဲဦးစားပေး လုပ်ဆောင်ရမှာပါ။ မိဘတစ်ယောက်အေ နနဲ့လုံးဝ လက်မခံနိုင်ပါဘူး” လို့ဆိုကာ ကလေးကျောင်း ပညာရေးတွေနဲ့ပတ်သက်ပြီး လူမှုကွန်ယက် စာမျက်နှာမှာရေးသားဖော်ပြ ခဲ့တာ ကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီး ကလည်း စည်သူလွင်ရဲ့ ပြောခဲ့တဲ့ အကြောင်း အရာလေးတွေ ကို လက်ခံကြမယ်လို့ထင်ပါတယ်။

Soure…. Si Thu Lwin’s Facebook
Angella(CeleConnections)

Add a Comment

Your email address will not be published. Required fields are marked *

20 + 7 =