တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရုပ်ရှင်လောကမှာ နောက်ဆုံးအနေနဲ့ တွေ့မြင်ခဲ့ရတဲ့ နဝရတ် ဟာ “သူတောင်းစား” ကာရိုက်တာကနေ ” သူဌေးသမီး “ကာရိုက်တာအဆုံးထိဟာကွက်တစ်ခု မရှိဘဲ ပီပြင်အောင် သရုပ်ဆောင်နိုင်သူ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ငွေကြေး ဓနပြည့်စုံတဲ့ မင်းသမီးတစ်ယောက်ဖြစ်သော်လည်းဝါသနာအရ အနုပညာလမ်းကြောင်းမှာ ရပ်တည်နေသူ ဖြစ်ပါတယ်
“တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ” မှာတော့ အကယ်ဒမီဆုရရှိနိုင်ချေ စကာတင်မင်းသမီးစာရင်းမှာ ပါဝင်ခဲ့သော် လည်း အကယ်ဒမီဆုကြီး နဲ့ လုံးဝ လွဲခဲ့ရတာပဲမို့ နဝရတ် ပရိသတ်တွေ အလွန်ကိုစိတ်မကောင်းဖြစ်ခဲ့ရပြီး အကောင်းဆုံးကြိုး စားခဲ့ရတဲ့ နဝရတ်ကိုယ်တိုင်ကလည်းလက်ရှိမှာတော့ အနုပညာလောက ကနေ ထွက်သွားဖို့ တွန်းအားတစ်ခု ဖြစ်စေခဲ့တယ်လို့လည်း ဆိုရမှာပါ။
သူမဟာအနုပညာအလုပ်တွေနဲ့ဝေးကွာပြီးနောက်ပရိသတ်တွေနဲ့ဝေးကွာခဲ့ပါတယ်။ လူမှုကွန်ရက်ကနေတော့ပုံရိပ်လေးတွေတင်ပေးလေ့ရှိပါတယ်။ အခုမှာတော့ သူမဟာ ပရိသတ်ရှေ့ကိုပြန်ရောက်လာတာပါ။ သူမဟာ Pet Shopလေးဖွင့်ထားတာဖြစ်ပါတယ်။ သူမရဲ့ Pet Shopလေးကလည်းစစခြင်းမှာ ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းခံနေရတာပါ။ ပရိသတ်တွေလည်းသူမရဲ့ဆိုင်ဖွင့်ပွဲပုံရိပ်လေးတွေကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။
Credit ; Cele Thadin
zawgyi
Credit ; Cele Thadin