အလန်းစား ဝတ်စုံလေး နဲ့ ဆက်ဆီကျကျ ရင်ခုန်စရာကောင်းအောင် ပို့စ်ပေးနေ တဲ့ စံရတီမိုးမြင့် ရဲ့ ပုံရိပ်များ

မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေ အမြောက်အမြားရိုက် ကူးခဲ့ပြီး သရုပ်ဆောင်အလုပ်ကို တစိုက်မတ်မတ်လုပ်ကိုင်လာခဲ့တာက ဆယ်စုနှစ်ကျော်ကြာအောင် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ စံရတီမိုးမြင့်က ကြည်လင်ဝင်းပတဲ့ အသားအရေလေးနဲ့ သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် စံရတီမိုးမြင့်က ရုပ်ရည်လေး ကလည်း ချောမော လှပတာကြောင့် ပုရိသတွေရဲ့ဝန်းရံခြင်းခံနေရတာ ဖြစ်ပါတယ်။

စံရတီမိုးမြင့်က လတ်တလော မှာတော့ ကြော်ငြာလေးတွေနဲ့ Photo Shooting တွေအများ အပြား လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အားကစားပုံမှန်လုပ်လေ့ရှိပြီး အားလပ်ချိန်တွေမှာ GYM ကစားလေ့ရှိတဲ့ စံရတီမိုးမြင့်က အခုဆိုရင် တစ်နေ့တခြားပိုလှလို့လာတာပဲ ဖြစ်ပါတယ်။ အခုလည်း စံရတီမိုးမြင့် အမိုက်စားဖက်ရှင်လေးနဲ့ ထိထိမိမိလှနေတဲ့ သူမရဲ့ အလှပုံရိပ်လေးတွေ ကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးထားတာ ဖြစ်ပါတယ်။

စံရတီမိုးမြင့်က အနီရောင်ပွဲတက်ဝတ်စုံလေးနဲ့ ရဲရဲတောက်လှသွေးကြွယ်နေသလို သူမရဲ့ ဆံပင်ကာလာအသစ်လေးက လည်း ဖက်ရှင်လေးနဲ့ အရမ်းကို လိုက်ဖက်မှုရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စံရတီမိုးမြင့်က ဆွဲဆောင်မှုရှိတဲ့ပုံစံလေးနဲ့ အလန်းစားပို့စ်တွေ အပီအပြင်ပေးပြီး ဓာတ်ဖမ်းခဲ့တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး စံရတီမိုးမြင့်ရဲ့အမိုက်စား ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေး လိုက် ပါတယ်နော်။

Source & Photo Credit-San Yati Moe Myint’s FB Page