သရဲ နဲ့ အတူနေ ကြသူများ (သို့) ကျွန်တော့် ဗိုက်ထဲ မှာ သရဲရှိတယ် (ဖြစ်ရပ်မှန်)

သရဲ နဲ့ အတူနေ ကြသူများ (သို့) ကျွန်တော့် ဗိုက်ထဲ မှာ သရဲရှိတယ် (ဖြစ်ရပ်မှန်)

“သရဲ နဲ့ အတူ​နေ ကြသူများ”

“ကျွန်တော့် ဗိုက်ထဲမှာ သရဲတွေ ရှိတယ်..” ညအချိန်ဆို မချိမဆန့် အော်ဟစ်ပြီး ကြောက်လန့်နေ တဲ့ လူငယ်လေး…။ ညစဉ်ညတိုင်း ဒီလို ဒုက္ခရောက်နေတာ ကြာလှပြီ။

သရဲကို လက်မခံတဲ့ သိပ္ပံပညာရှင်အဖွဲ့၊ သရဲကို ယုံကြည်ပြီး သရဲ မောင်းထုတ်ပေးနိုင်မယ့်သူနဲ့ ရုပ်မြင်သံကြား အဖွဲ့… အဖွဲ့ ၃ ဖွဲ့က အဲဒီအိမ်ကို သွားခဲ့တယ်..။

“ကျွန်တော်က အထက်တန်းကျောင်း ၊ဒုတိယနှစ် ကျောင်းသားပါ .. တစ်နေ့ အမျိုးသမီးနှစ်ယောက် ဘွားခနဲ ပေါ်လာတယ်..။ “ သူတို့ ကျွန်တော့်ကို ချစ်တယ်တဲ့။ကျွန်တော့်ကိုယ်ထဲမှာ နေပါရစေ။ ကျွန်မတို့ သွားစရာ နေရာမရှိလို့ပါ ” လို့ပြောတယ်..။ “ကျွန်တော် ကြောက်ကြောက်နဲ့ ဘာပြန်ပြော မိလဲ မမှတ်မိဘူး..။”

မိခင်ကြီးက မယုံခဲ့…။

မကြာပါဘူး ..သေသွားတဲ့ သားတို့ဖေဖေ ဝင်စီးတာပဲ…။ သားနဲ့ အမေ မပြောသင့်တဲ့ စကားတွေ ပြောလာတယ်..။ သားရဲ့အသံ ပြောင်းသွားတယ်..။

“ မင်းမှတ်မိသေးလား… မင်းနဲ့ငါ ဟို မိုတယ်မှာ အတူအိပ်ခဲ့တုန်းက…“ ဒီအကြောင်းတွေဟာ မိခင် နဲ့ ဖခင် နှစ်ယောက်ပဲသိတဲ့ အကြောင်းတွေဖြစ်တယ်..။ မိခင်ကြီးဟာ ရှက်ကြောက်ပြီး အလွန် အံ့ဩသွားတယ်..။

မိခင်ကြီးဟာ ကြောက်လန့်ပြီးတော့ သားကို စိတ်ပညာဆရာဝန်တွေ၊ သရဲ နိုင်တဲ့သူတွေ လိုက်ရှာပြီး ကုတော့ တာပဲ..။ ညစဉ်ညတိုင်း လူးလှိမ့်ခံစားနေရတာ မမြင်ရက်တော့ပြီ..။ နှစ်နဲ့ချီနေပေါ့..။ “ ငါ ငရဲပြည်သွားမှာ” လို့လည်း အော်ဟစ်တယ်..။ ဘယ်လိုမှ
ကုလို့မရ….ရုပ်မြင်သံကြားအဖွဲ့ကို အကူအညီတောင်း အကြောင်းကြား လိုက်တယ်..။

SBS ရုပ်မြင်သံကြားအဖွဲ့က သရဲကို မောင်းထုတ်ပေးနိုင်တဲ့သူရှိလားလို့ ကြေညာပြီး ရှာပေးတယ်။ နောက်ဆုံးတော့ သရဲကို မောင်းထုတ်ပေးနိုင်တဲ့သူနဲ့တွေ့ခွင့်ရတယ်။ သူက သူ့ရဲ့အစွမ်းကို ဒီလိုပြတယ်။

သူက ဆန်နည်းနည်းကို ပန်းကန်ပြားထဲကိုထည့်လိုက်တယ်…။ ထည့်ပြီးတော့ ဆန်တွေကို စတီးဇွန်း နဲ့ခေါက်၊ စကားနည်းနည်းပြောလိုက်တယ်။ ပြီးတော့ အဲဒီစတီးဇွန်းကို ကြမ်းပြင်ပေါ်မှာတည့်တည့် ထောင်လိုက်တယ်…။ စတီးဇွန်းက ဘယ်သူမှမကိုင်ဘဲနဲ့ တည့်တည့်ထောင်နေတယ်။ သိပ္ပံပညာရှင်တွေက စက်ကိရိယာတွေနဲ့ ပတ်ဝန်းကျင်မှာ သံလိုက်အ စွမ်းတွေများ ရှိမလားဆိုပြီးတော့ စမ်းသပ်ကြတယ်..။ ဘာမှ မရှိဘူး။

“ ကျွန်တော့်ကိုကယ်ပါ.. ညဘက်ဆို လည်ပင်း အညှစ်ခံရသလို အသက်ရှူကြပ်တယ်..” သရဲကို မောင်းထုတ်ပေးနိုင်တဲ့ သူက လူငယ်လေးကို .. “ မင်းဆီကသရဲကို ငါတို့ထုတ်ပေးနိုင်မယ်လို့ ယုံကြည်ထားပါ။ “ လူငယ်လေးက ဟုတ်ကဲ့ လို့ပြောတယ်။

ညဘက်မှာ သရဲကို မောင်းထုတ်ပေးနိုင်တဲ့ သူက လူငယ်လေးကို သူစီမံသတ်မှတ်ထားတဲ့ တောအုပ်အစွန်အဖျားကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ “ မင်းဘယ်သူလဲ..? မှန်မှန်ပြော… မလိမ်နဲ့” လို့ မေးတယ်..။

လူငယ်လေးက ထွက်ပြေးတယ်..။ သရဲကို မောင်းထုတ်ပေးနိုင်တဲ့သူက အနောက်ကလိုက်ပြီး လက်နဲ့ ပုတ်လိုက်တော့ လူငယ်လေးက ရုတ်တရက် ခွေခေါက်လဲကျသွားတယ်..။ သူဟာ လူငယ်လေးကို မြေပြင်မှာ ပက်လက်လှန်အနေအထား လုပ်လိုက်တယ်။ ပြီးတော့ မျက်နှာကို အဝတ်ဖြူအရှည်နဲ့ပတ်ပြီး အဝတ်ရဲ့အဆုံးနှစ်စကို လမ်းလိုမျိုး တစ်ဖက်စီခင်းလိုက်တယ်။

ခဏကြာတော့ လူငယ်လေး စကားပြောတယ်..။ “ ကျွန်တော့် ကိုယ်ထဲက သရဲတွေ လန့်နေပြီ..” တဲ့….။ သရဲကို မောင်းထုတ်ပေးနိုင်တဲ့သူက ဗိုက်ကနေ ပါးစပ်ဘက်ကို တွန်းထုတ်တယ်..။ “ ရင်ဘတ်ကို ရောက်နေပြီဗျ…ကယ်ပါဦး..”

လူငယ်လေး ကိုယ်လုံးက ခါနေတယ်..။ နောက်ဆုံး တစ်ခုခုကို အန်ချလိုက်သလို…။ ပြီးတော့ လူငယ်လေး ဟာ ဝမ်းသာနေပုံရတယ်..။ “ သွားပြီဗျ.. သူတို့ သွားပြီ..”

လူငယ်လေး အဲဒီနေ့ကစပြီး ဘာဝေဒနာမှ မခံစားရတော့…။ အရင်ကလို ပြုံးရွှင်နေရော…။ ကျောင်းစာတွေလည်း ပြန်သင်နိုင်ပြီ..။

နောက်တစ်ယောက်က အမျိုးသမီး..။ တစ်နေ့မှာ ရုတ်တရက် ခေါင်းကိုက်တဲ့ဝေဒနာကြီး စွဲကပ်လာတယ်..။ “ ကျွန်မသိနေတယ်..။ ကျွန်မ ခန္ဓာကိုယ်ထဲ သရဲဝင်နေတာ..” အမျိုးသမီးဟာ ညဘက်ဆိုရင် ထပြီး က တော့တာပဲ..။ အော်ဟစ်တယ်။

မိသားစုက ဒါကို လက်မခံချင်ကြ..။ ဆေးရုံအမျိုးမျိုးပြလည်း ရောဂါရှာမတွေ့…။ ၁၀ နှစ်ကြာသွားတယ်..။ သောက်လိုက်ရတဲ့ဆေးတွေကလည်း မနည်း…။ အမြဲတမ်း ရင်ပြည့်ရင်ကယ်ပြီး.. အစာမ​ကြေဘူး ဖြစ်နေတတ်တယ်..။

သရဲကို မောင်းထုတ်ပေးနိုင်တဲ့သူက ရှင်းပြတယ်..။ ဥပမာ- ခေါင်းထိပြီး သေသွားတဲ့သရဲက ဝင်နေရင် သရဲ အဝင်ခံရသူက ခေါင်းကိုက်လာတာပဲ။ ကားတစ်ခုခုမှာ လက်ညှပ်ပြီးသေသွားတဲ့လူဆိုရင် သရဲဝင်စီးခံရသူဟာ လက်တစ်ဖက်က အမြဲတမ်းကိုက်နေတတ်တယ်။

အမျိုးသမီး ကိုယ်ထဲကသရဲက သက်တမ်းလည်းကြာနေပြီ..။ “ မင်း ဘယ်သူလဲလို့” မေးတာ မဖြေဘူး..။ သရဲကို မောင်းထုတ်ပေးနိုင်တဲ့သူက နည်း အမျိုးမျိုးနဲ့မေးတယ်..။ ရက် အကြာကြီးနေမှ အဖြေရတယ်။အမျိုးသမီးရဲ့ ယောက္ခမ…။ “ ဘာလို့ ချွေးမ ကိုယ်ထဲဝင်နေတာလဲ..” “ သွားစရာ နေရာမရှိလို့ပေါ့..။ ဒင်းက ငါ့ သေနေ့ နှစ်ပတ်လည်ပွဲတွေကို အသေအချာ မလုပ်ပေးဘူး..”

ဒါကို အနည်းငယ် ရိပ်မိနေသူကတော့ အမျိုးသမီးရဲ့ယောကျာ်းပဲ….။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့အမျိုးသမီး ကတဲ့ အက… စကားပြောတဲ့ အမူအရာတွေက သူ့အမေနဲ့တစ်ထပ်တည်း ဖြစ်နေတယ်။ အမျိုးသမီးရဲ့ ယောကျာ်းဟာ သရဲတွေဘာတွေ အယုံအကြည်မရှိ..။ မိန်းမက ယောက္ခမနဲ့ အဆင်မပြေတော့ စိတ်ဖောက်ပြန်တဲ့အခါ ယောက္ခမအမူအရာ လိုက်လုပ်နေတယ်လို့ ထင်ခဲ့တာ…။

အမျိုးသမီးရဲ့ ယောက္ခမက အမျိုးသမီးကိုယ်ထဲက ထွက်ပေးဖို့ငြင်းတယ်..။ သရဲကို မောင်းထုတ်ပေးနိုင်တဲ့သူက အမျိုးမျိုး ချော့လိုက်၊ ခြောက်လိုက် လုပ်တယ်..။ တစ်လကြာမှ ထွက်ပေးတယ်..။

သရဲ ထွက်သွားတော့ ခန္ဓာကိုယ်က ရှိန်းခနဲပေါ့ပါးသလို ခံစား လိုက်ရတယ်။ အမျိုးသမီးရဲ့ ခေါင်းကိုက်ဝေဒနာဟာ တကယ့်ကို ပျောက်ကင်းသွားတယ်။ လင်မယားနှစ်ယောက် ၁၀ နှစ်လုံးလုံး ခရီးမထွက်ဖြစ်ခဲ့ကြဘူး..။ သူတို့ ပျော်ပျော်ရွှင်ရွှင် ခရီးထွက်နိုင်ပြီ..။

တောင်ကိုရီးယားက သူတို့ကိုယ်သူတို့ သရဲဝင်တယ်လို့ ယုံကြည်သူတွေ ရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေပေါ့..။

တောင်ကိုရီးယားမှာ သရဲဝင်တယ်ဆိုတာကို ယုံကြည်တဲ့ စိတ်ဆရာဝန်တချို့လည်းရှိတယ်..။ သူတို့ကျတော့ လူနာတွေကို အိပ်မွေ့ချတဲ့နည်းနဲ့ စစ်ကြတယ်..။

သရဲက လူတွေရဲ့ခန္ဓာကိုယ်ထဲမှာ ဝင်ပြီး နှစ်နဲ့ချီ ဒုက္ခပေးနိုင်တယ်ဆိုတာ သင်ရော ယုံကြည်ပါသလား..?

မေရွှမိုး (ကိုရီးယား)
June 9th,2020.

Add a Comment

Your email address will not be published. Required fields are marked *

17 + 19 =