ငယ်ဘဝ တုန်းက မိုးရာသီမှာ ကျောင်း တက်ခဲ့တဲ့ သူမရဲ့ကျောင်းသူ ပုံစံကို ပြန်လည်ပြောပြ လာတဲ့ စိုးပြည့်သဇင်
|ငယ်ဘဝ တုန်းက မိုးရာသီမှာ ကျောင်း တက်ခဲ့တဲ့ သူမရဲ့ကျောင်းသူ ပုံစံကို ပြန်လည်ပြောပြ လာတဲ့ စိုးပြည့်သဇင်
ချစ်စဖွယ်အပြုံးလေးနဲ့ ပရိသတ်တွေ ရဲ့ ရင်ကို အေးမြစေသူလေး စိုးပြည့်သဇင်က အနုပညာေ လာ ကရဲ့ ကြယ်ပွင့်လေးတစ်ပွင့်ပါပဲ။ အနေအေးပြီး တည်ငြိမ် ရင့်ကျက်လွန်းတဲ့ စိုးပြည့်သဇင်ကို ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းကပါ မချစ်ပဲနဲ့ကို မနေနိုင်ပါဘူး။ စိုးပြည့်သဇင် လည်း သူမရဲ့ ပရိသတ်တွေ အတွက် အနုပညာလှုပ်ရှားမှုတွေကို အရင်ကထက် ကြိုးစားပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ စိုးပြည့်သဇင်က သူမရဲ့ ငယ်ဘဝ အမှတ်တရလေးအကြောင်းကို ပြောပြလာပါ တယ်။ စိုးပြည့်သဇင်က သူမကျောင်းသူ ဘဝတုန်းက အဖေကျောင်းလိုက်ပို့တဲ့ပုံစံကို “ဖေကြီး လိုက်ပို့တာ။ ကျောင်းသွားကျောင်းပြန် နေ့တိုင်းပဲ ဆိုင်ကယ်စီးဦးထုပ်ရယ်၊ မော်တော်ပီကယ် မိုးကာ အကျီ်ကြီးအရှည်ကြီးနဲ့ ထမင်းဂျိုင့်ကြီးဆွဲထားရင် စိုးပြည့်သဇင်ဘဲ😎” ဆိုပြီး အမှတ်တ ရလေး ပြောပြလာပါတယ်။
စိုးပြည့်သဇင်ကတော့ ပဲခူးသူလေး တစ်ယောက်ဖြစ်ပြီး သူမရဲ့ ငယ်ဘဝကို ပဲခူးမြို့လေး မှာပဲ ကြီးပြင်း ခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးပြည့်သဇင်လိုမျိုး ငယ်ငယ်က မိုးရာသီမှာ ကျောင်းသွားခဲ့တဲ့အမှတ်တရတွေရှိရင် ပြောပြခဲ့ပါဦးနော်။
Source: Soe Pyae Thazin’s fb
Bilie – Cele Connections