ပါတီချင်း တူတဲ့ လူတွေကတောင် မထောက်ခံတော့ တဲ့ ထရမ့် ရဲ့ လတ်တလော အခြေအနေ

ပါတီချင်း တူတဲ့ လူတွေကတောင် မထောက်ခံတော့ တဲ့ ထရမ့် ရဲ့ လတ်တလော အခြေအနေ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် ရီပတ်ဘလစ်ကန် တစ်ဦးဖြစ်သူ ကောလင်းပါဝဲလ်က ဒေါ်နယ်ထရမ့်၏လုပ်ရပ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေမှ သွေဖည်နေသောကြောင့် ယခုနှစ်ပြန်လည်ရွေးကောက်ပွဲ၌ ထောက်ခံတော့မည်မဟုတ်ကြောင်း ရုပ်မြင်သံကြား အစီအစဉ်တစ်ခုတွင် ပြောကြား လိုက်ပါတယ်။

ပါဝဲလ်က ဒီမိုကရက်တစ်ကိုယ်စားပြု သမ္မတလောင်း ဂျိုးဘိုင်ဒင်ကို မဲပေးထောက်ခံသွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်ပြီး ရီပတ်ဘလစ်ကန် ပါတီဝင်များနှင့် စစ်ခေါင်းဆောင်များနည်းတူ ထရမ့်ကို ဝိုင်းဝန်းရှုတ်ချခဲ့ပါတယ်။

ကြယ်လေးပွင့် အဆင့်ရှိ ဗိုလ်ချုပ်ကြီး ပါဝဲလ်သည် ၁၉၈၀ ခုနှစ်လွန်များတွင် နိုင်ငံ့လုံခြုံရေးအကြံပေးနှင့် အမေရိကန် တပ်ဖွဲ့ကွပ်ကဲရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၉ မှ ၁၉၉၃ အထိ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ အဖြစ်လည်း ထမ်းဆောင်ခဲ့ပါတယ်။ ပါဝဲလ်သည် သမ္မတဟောင်း George W.Bush လက်ထက်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ခြင်းခံရပြီး သမ္မတဘုရှ် ၂၀၀၄ ခုနှစ် ပြန်လည်ရွေးကောက်ခံရပြီးနောက် ရာထူးမှနုတ် ထွက်ခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ကလည်း ပါဝဲလ်အား မိမိတို့ကို အန္တရာယ်များသော အရှေ့အလယ်ပိုင်းစစ်ပွဲများထဲသို့ ရောက်အောင်တွန်းပို့ခဲ့သူဟု တွစ်တာတွင် ရေးသားကာ ပြန်လည်ချေပပြောဆိုခဲ့ပါတယ်။

WASHINGTON, DC – JUNE 03: Demonstrators stand in front of D.C. National Guard and other law law enforcement officers during a peaceful protest against police brutality and the death of George Floyd, on June 3, 2020 in Washington, DC. Protests in cities throughout the country have been been held after the death of George Floyd, a black man who was killed in police custody in Minneapolis on May 25. Alex Wong/Getty Images/AFP (Photo by ALEX WONG / GETTY IMAGES NORTH AMERICA / AFP)

သမ္မတဟောင်း ဂျော့ခ်ျဒဘလျူဘုရှ်ကလည်း ထရမ့်ကို မဲပေးမှာ မဟုတ်ဘူးလို့ သူ့ရဲ့ သဘောထားကို ဖော်ပြထားပါတယ်။ ထရမ့်လက်ထက် ပထမဆုံး ကာကွယ်ရေးဝန်ကြီးနှင့် ကြယ်လေးပွင့်အဆင့်ရှိ ရေတပ်ဗိုလ်ချုပ်ကြီး ဖြစ်သူ ကာကွယ်ရေးဝန်ကြီးဟောင်း ဂျင်မက်တစ်ကလည်း “ထရမ့်ဟာ အမေရိကန်ပြည်သူတွေကို စည်းလုံးညီညွတ်မှုရှိအောင် မကြိုးစားပေးခဲ့ဘူး။ ကြိုးစား ပေးသလို ဟန်တောင်မဆောင်ခဲ့ဘူးတဲ့၊ ကျွန်တော့်ဘဝမှာ ပထမဆုံးတွေ့ဖူးတဲ့ သမ္မတပဲ” ဟု သတင်းစာတွင် ရေးသားခဲ့ပါတယ်။

ထရမ့်၏အိမ်ဖြူတော်အကြီးအကဲ ဟောင်းရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ ဂျွန်ကယ်လီကလည်း“ကျွန်တော်တို့ရွေးချယ်မယ့် သူကိုပိုပြီးစေ့စေ့စပ်စပ်ကြည့်ဖို့ လိုတယ်”ဟု ဇွန်လ၅ရက်ကပြုလုပ်သည့်အင်တာဗျူးတစ်ခုတွင်ပြောကြားခဲ့ပါတယ်။

ထရမ့်နှင့် ကာလရှည်ကြာ အတိုက်အခံ တစ်ဦးဖြစ်သည့် စီနိတ်တာ မစ်ရွမ်နေက လာမည့်နိုဝင်ဘာတွင် ထရမ့်ကို မဲပေးမည်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ အလားတူ စီနိတ်တာဂျွန်မက်ကိန်းဇနီးဖြစ်သူ စင်ဒီမက်ကိန်းကလည်း ဘိုင်ဒင်ကို ထောက်ခံသွားဖွယ် ရှိနေပါတယ်။

အိုစမာဘင်လာဒင်အား စီးနင်းမှုတွင် တာဝန်ယူခဲ့သော ဒါရိုက်တာ အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီး ဝီလျံမက်ခ်ရာဗင်က ထရမ့်အား ဘုရားကျောင်းရှေ့ဓာတ်ပုံရိုက်ရန်အတွက် ဆန္ဒပြသူများကို အင်အားသုံး ရှင်းလင်းမှုကို ရှုတ်ချခဲ့ပါတယ်။ တိုင်းပြည်မငြိမ်သက်သည့်အချိန်၌ လိုအပ်သော ခေါင်းဆောင်မှုနှင့် စိတ်ထား မြင့်မြတ်မှုကို ထရမ့်အနေဖြင့် ပြသနိုင်ခဲ့ခြင်းမရှိဟု ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်အယ်လန်ကလည်း ပြောခဲ့ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်ကာလတွင် လူသန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်မှု၊ လူမျိုးရေးခွဲခြားမှုနှင့် ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် ပြည်သူလူထု၏ သမိုင်းတွင်စေမည့် မငြိမ်မသက်ဖြစ်မှု စသည့် ထရမ့်၏ ကိုင်တွယ်ပုံ ညံ့ဖျင်းခြင်းများကြောင့် ပြန်လည်ရွေးကောက်ပွဲလမ်းကြောင်းပေါ်သို့ ရောက်ရှိရန် ခက်ခဲသွားသည်ဟု လေ့လာသူများက သုံးသပ်ထားပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

5 × 1 =