“အစ်ကို နဲ့ အစ်မဖြစ်သူ တို့ကို တွေ့ရတဲ့ အချိန်လေးမှာ ကလေးလေး တစ်ယောက်လို ပြုံးပျော်ကာ ဆိုးဖို့ ကြံနေတဲ့ အောင်မင်းခန့်”

“အစ်ကို နဲ့ အစ်မဖြစ်သူ တို့ကို တွေ့ရတဲ့ အချိန်လေးမှာ ကလေးလေး တစ်ယောက်လို ပြုံးပျော်ကာ ဆိုးဖို့ ကြံနေတဲ့ အောင်မင်းခန့်”

နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းကျော် MRTV-4 ရုပ်သံဇာတ်လမ်းတွဲများရဲ့ သရုပ်ဆောင် မင်းသားချော အောင်မင်းခန့်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး ချောမောခန့်ညားတဲ့ ရုပ်ရည် ကြောင့် နှုတ်ခမ်းနီမ လေးတွေ ရဲ့ အားပေးချစ်ခင်ရတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်.။ “ဝိညာဉ်ရှိုက်သံ”ရုပ်သံ ဇာတ်လမ်းတွဲ နဲ့ ပရိသတ်တွေ စတင်သတိထားမိပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာပါ.။

နောက်ပိုင်းမှာ မတူတဲ့ ကာရိုက်တာပေါင်းစုံ ကို ရိုက်ကူးကာ ပရိသတ်တွေ အားပေးမှုတွေကို ပိုမိုရရှိခဲ့သူပါ.။ အောင်မင်းခန့်ဟာ မင်းသားနိုင်းနိုင်း ရဲ့ ဝမ်းကွဲညီတော်ပြီး ချောမောတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ရုပ်ရည်ကတော့ တကယ့်ကို လက်ဖျားခါလောက်အောင် ကြည့်ကောင်းတဲ့ သူတွေပါပဲနော်.။ အစ်မ ဖြစ်သူ ဖူးဖူးနဲ့လည်း ရုပ်ဆင်ပြီး မောင်နှမ ဝမ်းကွဲတွေဖြစ်ပေမယ့် တကယ်ချစ်ကြတဲ့ မောင်နှမတွေ ပါပဲနော်..။ ဇွန်လ (၇)ရက်နေ့မှာတော့ အောင်မင်းခန့်က သူ့ရဲ့ အစ်ကိုဖြစ်သူနိုင်းနိုင်းနဲ့ အစ်မဖြစ်သူ ဖူးဖူးတို့နဲ့အတူ ရိုက်ထားတဲ့ ပုံလေးကို “ငယ်ငယ်တုန်း ကလည်း အိမ်မှာ သွားအိပ်တယ်။ ဘိုကျတယ်။ ခုကြီးလာတော့လည်း အိမ်သစ်ကြီးမှာ ဘိုသွား ကျမယ်။ ဟီးဟီး” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။.

ငယ်ငယ်လေးတည်းက ဘိုကျပြီး ချစ်ရတဲ့ အစ်ကို နဲ့ အစ်မဖြစ်သူတို့ နဲ့ တွေ့ရတုန်း ရိုက်ထားတဲ့ ပုံလေးမှာ အောင်မင်းခန့်ကတော့ အငယ်လေး ပြန်လုပ်နေရလို့ ကလေးလေး လို ပြုံးပျော်နေတော့တာပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ချောမောကြည့်ကောင်းတဲ့ အောင်မင်းခန့်၊ နိုင်းနိုင်းနဲ့ ဖူးဖူးတို့ မောင်နှမ သုံးယောက်ကို အားပေးချစ်ခင် ရင် မှတ်ချက်လေးတွေ ရေးသွားခဲ့ပါဦးနော်.။

Source: Aung Min Khant’s facebook