တရုတ်ပြည် ရဲ့ နောက်ဆုံး ပိတ် ဒီမိုကရေစီ တော်လှန်ရေး နဲ့ “တိန့်ရှောင်ဖိန်” ပေးခဲ့တဲ့ သင် ခန်း စာ

တရုတ်ပြည် ရဲ့ နောက်ဆုံး ပိတ် ဒီမိုကရေစီ တော်လှန်ရေး နဲ့ “တိန့်ရှောင်ဖိန်” ပေးခဲ့တဲ့ သင် ခန်း စာ

ဒီနေ့ ဇွန်လ ၄ ရက်ေ န့ဟာ တရုတ် ပြည် တီအန်မန်း ရင်ပြင် မှာ အထိ ကရုဏ်းဖြစ်ခဲ့တာ ၃၁ နှစ်ပြည့်နေ့ ဖြစ် ပါတယ် ။ ၁၉၈၉ ခုနှစ် မေလ ၁၈ ရက်နေ့မှာ ကွန်မြူနစ်ပါတီ က ပြုပြင်ပြောင်းလဲ ရေးခေါင်းဆောင် ဟူယောင်ဘန်း သေဆုံးသွားရာကနေ ကျောင်းသားတွေ ဆန္ဒပြမှုကစတင် ခဲ့ပါတယ်။

ဟူယောင်ဘန်း ဟာ ပြည်သူတွေ အတွက် တကယ့် ကို လုပ်ခဲ့ သူဖြစ် ပါတယ် ။ သူ့ကို ရာထူးကဖြုတ်ပြီး ကျောက်ကျိယန် ကို အစားထိုး ခဲ့ပါတယ် ။ ကျောက်ကျိယန် ဟာ ၁၉၈၉ မေလ ၁၉ ရက်နေ့မှာ ဆန္ဒပြနေတဲ့ ပြည်သူ ၁ သန်းလောက် ရှိရာကို မနက် ၅ နာရီမှာရောက်လာ ခဲ့ပြီး သမိုင်းဝင် မိန့်ခွန်းကိုပြောခဲ့ ပါတယ်။

ပြုပြင်ပြောင်းလဲရေးဟာ တကယ်ပင် လိုအပ်ကြောင်းနဲ့ ပြည်သူတွေကို သူ့အနေ နဲ့ ရောက်လာတာနောက်ကျတဲ့ အတွက်တောင်းပန်ကြောင်းပြောကြားခဲ့ ပါတယ်။ ” ကျောင်းသားတို့… ငါတို့ကိုဝေဖန်တာဟာ တကယ်ပဲ လိုအပ်ပါတယ်။ ငါလာတာမင်းတို့ရဲ့ခွင့်လွှတ်မှုကိုတောင်းဖို့လာတာမဟုတ်ပါဘူး။ ငါတို့ကအိုပြီ။ မင်တို့ အခုလို အစာငတ်ခံဆန္ဒအကြာကြီးပြနေရင် မင်းတို့ထိလိမ့်မယ်။…. စသည်ဖြင့် ကျောင်းသားတွေကို အညင်သာဆုံး နဲ့ မိန့်ခွန်းခြွေ ခဲ့ပါတယ်။”

မိန့်ခွန်းအပြီး မှာ ကျောင်းသားတွေငိုကြ၊ လက်ခုပ်တီးကြနဲ့ ပါတီရဲ့ ရာထူးအကြီးဆုံး လူကြီး ကို နုတ်ဆက်ကြပါတယ် ။ နောက်နေ့မှာပဲ ပါတီအစည်းအဝေးကနေ ကျောက်ကျိယန်ကို ရာထူးက ဖြုတ်ချပြီး သေတဲ့ အထိ အကျယ်ချုပ်နဲ့ ထိန်းသိမ်း လိုက်ပါတယ်။

ဇွန်လ ၄ ရက်နေ့ မနက်အစောကြီး ၁ နာရီမှာ တရုတ် စစ်တပ်က ဆန္ဒပြလူအုပ်ကြီးကို သေနတ်နဲ့ပစ်ကာ လူစုခွဲခဲ့ပါတယ်။ အခုထိ ဘယ်နှစ်ယောက် သေမှန်းစာရင်းမရှိပါ။ ရာပေါင်း များစွာကနေ ထောင်ဂဏန်း အထိ သေဆုံးခဲ့တာပဲ သိရပါတယ်။ လူပေါင်း ၁၀၀၀၀ လောက်အဖမ်းခံခဲ့ရပြီး လူပေါင်း ဒါဇင်နဲ့ချီပြီး သေဒဏ် အပေးခံခဲ့ရပါတယ်။ ကျောက်ကျိယန်တို့ ဟူယောင်ဘန်းတို့ရဲ့ သူရဲကောင်းတို့ရဲ့ဒဏ္ဍာရီဟာ ဤမှာနိဂုံးချုပ်သွားပါတယ်။

အဲ့ဒီနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေ အကြီး အကျယ် လုပ်ပြီး စီးပွားရေးကို အာရုံစိုက်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံကြားရေးဝန်ြ ကီးက တီအန်မန်း ရင်ပြင်ကိစ္စကို မနေ့ကပြန်ဖော်ပါတယ်။ သို့သော် ဘယ်သူ မှ စိတ်ဝင်စားမယ် မထင်တော့ပါ။ အဲ့ဒီတုန်းက ဆန္ဒပြခဲ့သူတွေဟာ အခုအခါမှာ အသက် ၅၀ ကျော် လုပ်ငန်းရှင်ကြီးတွေ ဖြစ်နေကြပါပြီ။ အစာဝနေကြပြီး ဘယ်သူ မှ အတိတ်ဟောင်းကို ပြန်မဖော်ကြတော့ပါ။

ဒီနေ့ဒီရက်မှာ မျိုးဆက်သစ် လူငယ်တွေ ရဲ့ အတော် များများဟာ တီအန်မန်းရင်ပြင် က သူရဲကောင်းတွေ အကြောင်း ကို မသိတော့ပါဘူး။ အားလုံးဟာ စီးပွားရေးတိုးတက်တာ ကို ဂုဏ်ယူကြပြီး ကွန်မြူနစ် အစိုးရ ကို အပြစ်မမြင်ကြတော့ ပါဘူး။ ပစ်မိန့်ပေးခဲ့တဲ့ တိန့်ရှောင်ဖိန်ကိုလည်း ဘယ်သူမှ အပြစ်မဆို ကြတော့ပါဘူး။

အားလုံးဟာ သူရဲကောင်း တို့ကို သတိ ရဖို့ထက် အိုင်ဖုန်း၊ အိုင်ပက်၊ မာစီဒီးကား၊ ဘဏ်အကောင့်ထဲက ငွေပမာဏ တို့ကိုသာ ပိုသတိရနေကြပြီဖြစ်ပါ တယ်။ စီးပွားရေးသာအဆင်ပြေပြီး လူနေမှု အဆင့်အတန်း မြင့်နေရင် ဘယ်သူတက်တက် ပြည်သူတွေက မပြောကြ သလို ဘာသမိုင်းမှ လည်း သတိမရ ကြတော့ပါ။

Richard Myo Thant

Add a Comment

Your email address will not be published. Required fields are marked *

fifteen − 3 =