ဘုရား ဘုရား .. ဓာတ်ခွဲ ခန်း အဖြေ အမှန် ထင်ပြီးသာ ခွဲစိတ် လိုက် လို့ကတော့ ၊ တာ ဝန်ယူ မှု တာဝန်ခံမှု ဆိုတာမရှိတဲ့ ရန်ကုန်မြို့က နာမည်ကြီး ဓာတ်ခွဲခန်း

ဘုရား ဘုရား .. ဓာတ်ခွဲ ခန်း အဖြေ အမှန် ထင်ပြီးသာ ခွဲစိတ် လိုက် လို့ကတော့ ၊ တာ ဝန်ယူ မှု တာဝန်ခံမှု ဆိုတာမရှိတဲ့ ရန်ကုန်မြို့က နာမည်ကြီး ဓာတ်ခွဲခန်း

၎.၆.၂၀၂၀ နေ့ခင်း ၁၂ နာရီ က ကျွန်တော့ အဖွား သွေးသွား စစ် ပါ တယ် ။ အသက်က (၇၈) နှစ်ရှိ ပါပြီ။ result ကတော်တော်လေး ကို အခြေအနေက ဆိုး ပါတယ်။ ဆရာဝန်သွားပြေ တာ့ ဆရာဝန် က လုံးဝ မဖြစ် နိုင်ဘူး ဆိုပြီးတော့ နောက်ဓါတ်ခွဲခန်း တစ်ခု မှာပြန်စစ် ခိုင်း ပါ တယ် ။

နောက် စစ်တဲ့ ဓါတ်ခွဲခန်းက ၅ ရက်နေ့ ညနေ ၆နာရီမှ အဖြေရ တာပါ ။အဲ့တော့အဖြေ ကနောက် တစ်မျိုး ဖြစ်နေ တယ် (အမြဲပြ​နေကျ ဆရာဝန် မို့သာ မှားယွင်း​နေနို င်တယ် လို့ သူသုံးသပ်နိုင် တာ ပါ ပြ​​နေကျမဟုတ်တဲ့ ဆရာဝန်ကသာ မှားယွင်း​နေ တဲ့ result အတိုင်း ​ဆေး ကုလိုက် မယ် ​ဆေးညွှန်းလိုက် မယ် ဆိုရင်​ရော)

ဒီနေ့ပြန်သွားတော့ နီနီက သူ တို့ စစ်ထားတဲ့ အဖြေမှားသွား လို့ပါဆိုပြီး ပြောတယ် ပြီးတော့ နီနီက ဝန်ထမ်း တစ်ဦး က careless error ဖြစ်သွားလို့ပါ ဆိုပြီး ဖြေရှင်းတယ် ဓါတ်ခွဲခန်း တစ်ခုက အဲ့​လောက်တောင် နမော်နမဲ့ နိုင်လို့ရလား…

လူ့အသက်တစ်​ချောင်းပါ errorရှိရ​အောင် စက်ပစ္စည်း တစ်ခု မဟုတ်ပါဘူး အသက်အရွယ် ရ​နေတဲ့ လူကြီး ဆိုတာ ဆရာဝန်က result အမှားကို ကြည့်ပြီး ခွဲစိတ်ရနိုင်တယ် လို့ ​ပြော လိုက်က တည်းက စိတ်ထိ ခိုက်​သွားတာ

(အိမ်လာ​ တောင်းပန် ပါတယ် မှားသွားပါ တယ်​ပေါ့ အဖွားက​တော့ အခုထိ ​သွေးတိုး​နေတုန်း ပါပဲ ကျွန်​တော် တို့လည်း ​တော်​တော်​လေး သင်ခန်းစာ ရသွားပါတယ် )ဓါတ်ခွဲခန်းက အ​​ဖြေတိုင်း စိတ်ချရလား အ​ဖြေက​တော့ လုံးဝပဲ ဆိုတာ ဒီ​နေ့သင်ခန်းစာ ရလိုက်တယ် ။

San Chain Tun

Add a Comment

Your email address will not be published. Required fields are marked *

twenty + nine =