အခန်း နံပါတ်? ဇာတ်လမ်းတွဲ ရဲ့ Behind the Scene ဗီဒီယိုဖို င်ေ လး ကို ကြည့်ရှု့သူပေါင်း (၆)သန်းေ ကျာ်သွားလို့ အံ့သြမဆုံး ဖြစ်နေတဲ့ ဝင့်ယမုံနိုင်
|အခန်း နံပါတ်? ဇာတ်လမ်းတွဲ ရဲ့ Behind the Scene ဗီဒီယိုဖို င်ေ လး ကို ကြည့်ရှု့သူပေါင်း (၆)သန်းေ ကျာ်သွားလို့ အံ့သြမဆုံး ဖြစ်နေတဲ့ ဝင့်ယမုံနိုင်
MRTV-4ရုပ်သံဇာတ်လမ်းတွဲရဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကိုတော့ Cele Connections ပရိသတ်ကြီး လည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ဝင့်ယမုံနိုင်ကတော့ ပထမဆုံးသူမရဲ့အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့ ဇာတ်ကောင်ဟာ လူမုန်းများတဲ့ ဗီလိန် ဇာတ်ကောင်ဖြစ် ခဲ့ပေမယ့် ပရိသတ်တွေ ရဲ့ အချစ် နဲ့ အားပေးမှုတွေကို ရရှိခဲ့သူပဲဖြစ်ပါတယ်.။ ဇာတ်ရုပ်တိုင်း အတွက် အကောင်းဆုံးတွေကိုပြင်ဆင် သရုပ်ဆောင်တတ်ပြီး ရိုးသားပွင့်လင်းတဲ့ သူမရဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရသူေ လးပါ.။
ဝင့်ယမုံနိုင်ရဲ့ ဇာတ်လမ်း တွဲတိုင်းဟာ ပရိသတ်တွေရဲ့ ပါးစပ်ဖျားတိုင်းမှာ စွဲထင်ကျန်အောင် ကောင်းခဲ့ပြီး ပထမဆုံးဇာတ်လမ်းတွဲဖြစ်တဲ့ “The Sign of Love”၊ “ကျွန်မက မဟေသီ”၊ “အခန်းနံပါတ်?” တို့ဟာ ပရိသတ်တွေကြားမှာ ပြသခဲ့စဉ်က ရေပန်စားစိတ်ဝင်စားမှု များပြခဲ့တဲ့ ဇာတ်လမ်းတွဲတွေ ဖြစ်ခဲ့ ပါတယ်နော်.။
ဝင့်ယမုံလေးက သူမရဲ့ ဇာတ်လမ်းတွဲတွေ ကို ပြသနေတဲ့ အချိန်တိုင်းမှာ ရိုက်ကူးစဉ်က ဇာတ် လမ်းတွဲ အမှတ်တရဗီဒီယိုလေးတွေကို သူမရဲ့ လူမှုကွန် ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူ ပါ.။ “အခန်းနံပါတ်?” ဇာတ်လမ်းတွဲ ပြသခဲ့စဉ်အချိန်က လည်း ဇာတ်လမ်းတွဲ ရိုက်ကူးစဉ်က Behind the Scene ဗီဒီယိုဖိုင်လေး ကို တင်ခဲ့ပြီး ဒီနေ့ ဇွန်လ (၈)ရက်နေ့ မှာတော့ တင်ထားခဲ့ တဲ့ ဗီဒီယိုဖိုင်လေး ကို ပြန်ကြည့်တဲ့အချိန် အံသြရတဲ့ အရာလေးကို “Oh my goshhhhh 6.6M views” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက် နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
“အခန်းနံပါတ်?” ဇာတ်လမ်းတွဲကို (၂၀၁၉)ခုနှစ် ဒီဇင်ဘာလမှာ စတင်ပြသခဲ့တာဖြစ်ပြီး ရဲမေ မလေးအနေ နဲ့ သရုပ်ဆောင်ထားတဲ့ ဝင့်ယမုံနိုင်ရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ်ေ တွကတော့ သဘောကျနှစ်ခြိုက်မဆုံးဖြစ်ခဲ့ပါသေးတယ်နော်..ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း ဝင့်ယမုံနိုင်ရဲ့ ရဲမေအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ “အခန်းနံပါတ်?” ဇာတ်လမ်းတွဲ ရဲ့ Behind the Scene ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်.။
Source: Wint Yamone Naing’s Facebook
Sakura(Cele Connections)