(သတိထားကြပါ …. ) အပူရှိန်မြင့်နေသော အချိန် ရေချိုး မိ၍ ဦးနှောက် သွေးကြောပြတ်ကာ သေဆုံးမှု ဖြစ်ပွား






unicode

အပူရှိန်မြင့်နေသော အချိန် ရေချိုး မိ၍ ဦးနှောက် သွေးကြောပြတ် ကာ သေဆုံး မှု ဖြစ်ပွား…

မော်လမြိုင်မြို့မှာ ဖြစ်သွားတာပါ။ ဒီအချိန်မှာ အားလုံးသတိထားကြဖို့ အကြံပြု လိုက်ပါတယ်။ အရှည်ကြီးတော့ မရေးပြတော့ပါဘူး။ ရာသီဥတု အရမ်း ပူပြင်း လွန်းတဲ့အချိန်မှာ စိတ်အလိုလိုက်ပြီး ရေအရမ်းမချိုးကြဖို့တော့ သတိထားသင့်ပါတယ်။

မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် မှာနေထိုင်တဲ့ အမျိုသမီးတစ်ဦး နေအရမ်းပြင်းနေတဲ့ အချိန်မှာ ပူအိုက်တဲ့ဒဏ် မခံနိုင်လို့ ရေချိုးလိုက်ရာမှ ရှော့ဖြစ်ပြီး ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့တာပါ။ ဆေးရုံပို့ချိန်တောင် မမှီခဲ့ပါဘူး။

သေဆုံးသူအမျိုးသမီးရဲ့ DB ကိုတော့ နေအိမ်မှ ပိန္နဲကုန်း သုသာန် အအေးခန်းသို့ မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေး အဖွဲ့မှ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့

Add a Comment

Your email address will not be published.