ကိုရိုနာ ဗိုင်းရပ်စ်သည် ဝူဟန် သားငါးဈေးမှ စတင် ခဲ့ခြင်း မဟုတ်ကြောင်း တရုတ်ဝန်ခံ
|ကိုရိုနာ ဗိုင်းရပ်စ်သည် ဝူဟန် သားငါးဈေးမှ စတင် ခဲ့ခြင်း မဟုတ်ကြောင်း တရုတ်ဝန်ခံ
ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ဝူဟန် သားငါးဈေးတန်း မှ လာသည်ဟု ပထမက ယူဆမိသော်လည်း ယခုမူ ဝူဟန်ဈေးသည်လည်း ရောဂါပိုးကူးစက်ခံလိုက်ရသည့်နေရာသာ ဖြစ်ဖွယ်ရှိသည်ဟု တရုတ်နိုင်ငံတွင် ဖွဲ့စည်းထားသည့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာမှ ညွှန် ကြားရေးမှူးဂူဖူက ပြောကြား လိုက်သည်။
ရောဂါပိုးသည် ဝူဟန်ဈေးထဲတွင် ရောင်းချနေ သည့် တောရိုင်းတိရစ္ဆာန်များထံမှ လာသည်ဟု အဆိုပါပညာရှင်ကပင် ပြီးခဲ့သည့်လပိုင်းက ပြောကြားခဲ့သဖြင့် ယခု ဝန်ခံချက်မှာ အံ့အားသင့်ဖွယ်ဖြစ်နေသည်။
၎င်း၏ ကနဦးပြောကြားချက်ကြောင့် ပင်ယင်းဈေးကို အာဏာပိုင် အဖွဲ့က ပိတ်ပစ်ပြီး သန့်ရှင်းရေး အကြီးအကျယ်လုပ်ခဲ့သည်။ တရုတ်က ထိုသို့တရားဝင် ပြောလိုက်သဖြင့် တစ်ကမ္ဘာလုံးရှိလူများကလည်း တောရိုင်းတိရစ္ဆာန်ရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်းကိုသာ အာရုံစိုက်လာကြသည်။ ရောဂါပိုးသည် လူမှ တိရစ္ဆာန်သို့ ကူးစက်သွားခြင်းမျိုး ယခင်ကလည်း ရှိဖူးသဖြင့် ဂူဖူ၏ပြောကြားချက်သည် အစပိုင်းတွင် အဓိပ္ပာယ်ရှိသယောင်ဖြစ်နေသည်။
သို့သော် ယင်းဈေးထဲရှိ တိရစ္ဆာန်များ၏နမူနာကိုယူပြီး စစ်ဆေးထားသည့် အချက်အလက်များကို တရုတ်အစိုးရက အများအားဝေမျှမပေးသည့် အခါ တရုတ်၏ပြောကြားချက်ကို အများက သံသယဝင်လာကြသည်။ ယခုအခါတွင်မှ ဂူဖူက အထက်ပါ တိရစ္ဆာန်များ၏နမူနာများတွင် ဗိုင်းရပ်စ်ပိုး မတွေ့ရကြောင်း၊ သို့သော် ရေနုတ်မြောင်းအပါအဝင် ပတ်ဝန်းကျင်မှ ရယူထားသည့် နမူနာများတွင်သာ ရောဂါပိုးကို ခြေရာခံမိ ကြောင်းပြောလာသည်။
ထို့အတူ ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလခန့် ကတည်းက ဥရောပသို့ ပြန့်နှံ့ရောက်ရှိ နေခြင်းဖြစ်နိုင်ကြောင်း ပြင်သစ် ဆေးသိပ္ဗံပညာရှင်များက ဖော်ထုတ်ထားသည်။
ပြင်သစ်ဆေးပညာရှင်များက လူနာပေါင်း ၂၅၀၀ တို့၏ ရင်ဘတ်ပိုင်းဆိုင်ရာ ဓာတ်မှန်များကို ပြန်လည် ဆန်းစစ်လေ့လာရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နှင့် ၁၈ ရက်အကြား လူနာတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာနှင့် ကိုက်ညီသော လက္ခဏာများ အဆုပ်တွင်ဖြစ်ပေါ်နေခြင်းကို သိရှိခဲ့ရခြင်းဖြစ်သည်။ ယင်းရက်အပိုင်းအခြားသည် ပြင်သစ်နိုင်ငံ တွင် ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေ့ရှိကြောင်း ကြေညာခဲ့သည့် ဇန်နဝါရီ ၂၄ ရက်ထက် ၂ လခန့်စောနေသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့က ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာ ထုတ်ပြန် ခဲ့သည့်ရက်မှာ ၂၀၁၉ ဒီဇင်ဘာလ ၈ ရက်နေ့ဖြစ်သည်။
crd : blacker