ကာကွယ်ဆေး မပေါ် မချင်း လူတွေ ကို stay home နေစေချင် တဲ့ မြန်မာပြည်အစိုးရ

ကာကွယ်ဆေး မပေါ် မချင်း လူတွေ ကို stay home နေစေချင် တဲ့ မြန်မာပြည်အစိုးရ

လက္ဘက်ရည်ဆိုင်စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့် ပေးထားတယ် ဆိုတာက အလုပ်ကိစ္စကြောင့် မဖြစ်မနေ အပြင်မှာ တွေ့ဆုံ ပြီး ဆိုင်မှာထိုင်စားနိုင်ကြဘို့ လောက်ပဲ ခွင့်ပြုထားသေးတာ၊ တနေရာစီက ကိုယ့်ဟာကိုယ်လာကြ ၊ အတတ်နိုင်ဆုံးအနည်းဆုံးလူဦးရေပဲ တွေ့ကြ ဖို့ ရည်ရွယ်တာပါ။

ကားတစ်စီးထဲ အတူတူ လာကြပြီး ဆိုင်မှာ လူအများကြီးအပျော်ထိုင်ကြ၊စားကြ၊သောက်ကြဖို့မဟုတ်သေးပါဘူး။ အိမ်ကလူတွေအတွက် ကတော့ ပါဆယ်ပဲဝယ်ပြန်ရမှာပါ

အဲ့တာလောက်နဲ့များ ဘာလို့ဖွင့်ခွင့် ပေးနေရသေးလဲ ဆိုတော့ ဆိုင်တွေ၊ အလုပ်သမားတွေရဲ့ စီးပွားရေးတွေတအားထိခိုက်ကုန်မှာစိုးလို့ဖြစ်ပါလိမ့်မယ်။ ဟိုတယ်တွေ ခရီးသွား လုပ်ငန်းတွေလည်း ဒီသဘောပါပဲ။ အလိုအပ်ဆုံး အနည်းဆုံး အလုပ်ဖြစ်မယ့် (ဖြစ်နိုင်လျှင်တစ်ယောက်တည်း) ကိုပဲ ခွင့်ပြုချင် သေးတာပါ..

Stay Home အမြဲနေခိုင်းဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အဆုံး ထိခိုက်မှုအနည်းဆုံးနည်းနဲ့ ခွင့်ပြုပေး ထားတာပါ။ အစိုးရကတော့ ကာကွယ်/ကုသဆေး မပေါ်မချင်း ဖြစ်နိုင်လျှင် STAY HOME နေစေချင် သေးတာပါ။

အဲ့ဒီတော့ မဖြစ်မနေအပြင်ထွက်ရလျှင် ဖြစ်နိုင်လျှင် တစ်ယောက်တည်းသွားပါ။ mask အမြဲတပ်ထားပါ(cashier ၊အလုပ်သမား၊ စားပွဲထိုး စတဲ့ ကိုယ်နှင့်တွေ့တဲ့လူတွေကိုလည်း တပ်ခိုင်းရပါမယ်)

?????????????????????????????????????????????????????????

ဆပ်ပြာနှင့် လက်ဆေးပါ (မြန်မာတွေကခြေထောက် ကိုင်တတ်တဲ့ အလေ့ရှိလို့ ခြေထောက်ပါဆေးသင့်ပါတယ် )။ လူချင်း အနည်းဆုံး ၃-၆ပေ ခွာပြီးနေ။ မလိုအ ပ်ပဲ ဟိုကိုင် ဒီနမ်း မလုပ်ပါနှင့်

ကိုဗစ်ကပ် ရောဂါမပြီးသေးပါ

Lek Mon

Add a Comment

Your email address will not be published. Required fields are marked *

six + seven =