မွေးနေ့လေးကို ချစ်ခင်ရသူတွေ နဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေလို့ စိတ်ချမ်းသာနေတဲ့ မော်ဒယ်လ်အောန်ဆိုင်း

မော်ဒယ်လ်အောန်ဆိုင်းကတော့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းတွေ ထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ပြီး အချိုးအစားပြေပြစ်ပြီး အဆီပိုကင်းတဲ့ အမိုက်စားကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ​ အနုပညာအလုပ်တွေကို လုပ်ကိုင် လျက်ရှိနေခဲ့ပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သူမကတော့ ချစ်စရာပုံစံလေးနဲ့ လှပနေတဲ့ အမိုက်စားပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ အချိန် အတော်ကြာလက်တွဲလာပြီး ချစ်ရတဲ့ ချစ်သူကောင်လေးကို ပရိသတ်တွေရှေ့ ချပြထားပြီး လိုက်ဖက်ညီလွန်းတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့လေးကတော့ သူမရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး အားပေးချစ်ခင်ရတဲ့ပရိသတ်တွေက မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးထားကြတာပဲဖြစ်ပါတယ်။

သူမကတော့ မွေးနေ့လေးကို ချစ်ခင်ရသူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေလို့ စိတ်ချမ်းသာနေခဲ့ပါတယ်။ သူမကတော့ ” Thanks for making me feel so special on my birthday… love you all “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မွေးနေ့လေးမှာပျော်ရွှင်နေတဲ့ မော်ဒယ်လ်အောန်ဆိုင်းရဲ့ ချစ်စရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : awn seng – elizabeth ‘s facebook page

zawgyi



