COVID ထိချက်ပြင်းလွန်းတဲ့ အတွက် တကမ္ဘာလုံး က Normal ပြန်ဖြစ်သွား မှာ မဟုတ်ဘူး ဆိုတဲ့ ချစ်သုဝေ

COVID ထိချက်ပြင်းလွန်းတဲ့ အတွက် တကမ္ဘာလုံး က Normal ပြန်ဖြစ်သွား မှာ မဟုတ်ဘူး ဆိုတဲ့ ချစ်သုဝေ

လတ်တလောကမ္ဘာအနှံ ဖြစ်ပွားနေသော ကိုရိုနာ ဗိုင်းရပ်ရောဂါဟာဆိုရင် မြန်မာနိုင်မှာလည်း ကူးဆက်ခံရသူ (၂၄၃)ဦးတောင်ရှိ နေပြီဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ ပြည်သူတွေကလည်း ကာကွယ်တားစီးရေး နဲ့ ကုသရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြပါတယ်။ ပြည်သူချစ်အနုပညာရှင်တွေဖြစ်တဲ့ လင်းလင်း နဲ့ ချစ်သုဝေတို့ မိသားစုလေးဟာလည်း ကပ်ရောဂါနဲ့ပတ်သက်ပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေး နေတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ချစ်သုဝေက COVID ထိချက်ပြင်းလွန်းတဲ့ အတွက် တကမ္ဘာလုံးက Normal ပြန်ဖြစ်သွားမှာ မဟုတ်ဘူးဆိုတဲ့အကြောင်းနဲ့ မဖြစ်မနေ အပြင်ထွက်ရမယ့်လူတွေဟာ အပြင်ထွက်တဲ့အခါမှာ ဆောင်ရန်ရှောင်ရန်တွေမလုပ်ကြတဲ့အကြောင်းကို သူမရဲ့လူမှုကွန်ရက်ကနေ ယခုလိုပဲပြောပြထားခဲ့ပါတယ်။ ချစ်သုဝေကတော့ ” COVID ထိချက်ပြင်းလွန်းတဲ့အတွက် တကမ္ဘာလုံး Normal ပြန်မဖြစ်သွားပါဘူးနော် ဒါကြောင့် New normal life style နဲ့သာနေသွားရမှာပါ…ခုကလေ မဖြစ်မနေ မဖြစ်လို့ ထွက်ရမယ့်လူတွေထွက်တဲ့အခါမှာဆောင်ရန်ရှောင်ရန်တွေပါ မလုပ်ကြဘူးလိုပဲ

မစိုးရိမ်ကြတော့တာလား???သွေးအေး သွားတာလား??? မပေါ့ဆပါ နဲ့နော် ပြီးတော့ COVID ဖြစ်ပြီးတဲ့အခါမှာ ကမ္ဘာကပိုစိမ်းလန်းလာတယ် ဒီကောင်းမွန်စိမ်းစိုလာတဲ့ပတ်ဝန်းကျင်ကို TREZA တို့တွေဆက်လက်ပြီး အလေ့ကျင့်ကောင်းတွေနဲ့ ဝိုင်းထိန်းသိမ်းရမှာပါနော်”ဆိုပြီး COVID နဲ့ပတ်သက် ရင်သွေးအေးမသွားကြဖို့ သတိပေးလှုံဆော်ထား ခဲ့တာဖြစ်ပါတယ်။

Source:Chit Thu Wai

Add a Comment

Your email address will not be published. Required fields are marked *

twenty − 14 =